တွန်းဇံ စက်တင်ဘာ ၁၆
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ လူကုန်ကူမှု သိကောင်းစရာ ခေါင်းစဉ်ဖြင့် Talk Show ကျင်းပခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ဟောပြောပွဲများ ကျင်းပရန် ခက်ခဲမှုကြောင့် ပြည်သူများအနေဖြင့် အွန်လိုင်းပေါ်မှတဆင့် နားဆင်နိုင်စေရေးအတွက် လူကုန်ကူမှုသိကောင်းစရာ ခေါင်းစဉ်ဖြင့် Talk Show ကျင်းပပေးခြင်းဖြစ်သည်။ လူကုန်ကူမှု သိကောင်းစရာ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဟုန်းဂေကီးက လူကုန်ကူးမှု ဖြစ်ပွားနိုင်သည့် အခြေအနေနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လက်ရှိဆောင်ရွက်နိုင်မှုခြေအနေကို မေးမြန်းဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့မရဲစခန်းမှ ဒု-ရဲအပ်တေဇာအောင်မှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထိုနောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့မှ လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှု အခြေအနေကို မေးမြန်းဆွေးနွေးခဲ့ရာ တွန်းဇံမြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင် ဒေါ်ကျင့်အင်းကျိန်က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့နောက် လူကုန်ကူးမှုဆိုင်ရာ ဥပဒေအကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ရာ ဦးအောင်မြတ်သူ မြို့နယ်ဥပဒေအရာရှိက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)