မိုင်းကိုင် စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင် ၊ မိုင်းကိုင်မြို့နယ် ၊ ဖာခေါင်ကျေးရွာ တွင် စက်တင်ဘာလ ၁၂ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့၍ နေအိမ်တစ်လုံးပြိုကျခဲ့ရာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နန်းမွှေးမွှေးခင်နှင့် ဝန်ထမ်းများက စက်တင်ဘာလ ၁၄ ရက်နေ့တွင် မိုင်းကိုင်မြို့နယ်သို့ သွားရောက်ပြီး ကူညီကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ၊ မိုင်းကိုင်မြို့နယ် ၊ ဖာခေါင်ကျေးရွာ၌ နေအိမ်တစ်လုံးပြိုကျခဲ့သည့် အိမ်ထောင်စုတစ်စုအား ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုး ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ ကျပ်တစ်သိန်း နှင့် လူဦးရေ (၃)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၆၃၀၀)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ ( ၁၀၆၃၀၀)ကျပ်တို့ကို စက်တင်ဘာလ ၁၄ ရက် ၊ မွန်းလွဲ(၂)နာရီက မိုင်းကိုင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ တာဝန်ရှိသူများနှင့်အတူ ကာယကံရှင်မိသားစု၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းခရိုင်၊ဦးစီးမှူး ဒေါ်နန်းမွှေးမွှေးခင်ထံမှသိရသည်။
မိုးလွင်ဦး(လွိုင်လင်)