ဟိုင်းကြီးကျွန်း ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ရပ်ကွက်များအတွင်း မိုးတွင်းကာလ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက အမှတ် (၂) ရပ်ကွက်၌ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အမှတ် (၂) ရပ်ကွက်အတွင်းရှိ လမ်း ဝဲ/ယာ များမှ အဓိက ရေထွက်ပေါက်များ၊ ရေနုတ်မြောင်းများအတွင်းရှိ အမှိုက်များ၊ ရေနုတ်မြောင်းများကို လူအင်အား၊ စက်ယန္တရားများဖြင့် မြို့ စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှုး ဦးမြင့်ဆန်း ဦးဆောင်ပြီး ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဦးလွှမ်းသီဟ