ပုသိမ်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်

ပုသိမ်   ဇွန်   ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တွင် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမူရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများမှ  ဘိုးဘွားများအား ဧရာဝတီ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်နော်သာဝါးနှင့် ဝန်ထမ်းများကအမှတ် (၂) ရပ်ကွက်နှင့် ပုသိမ်မြို့ပေါ်ရပ်ကွက်တို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သက်ကြီးဘိုးဘွားများအား  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ တတိယသုံးလပတ် အတွက် ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ရာ ပုသိမ်မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား(၁၈၃၁)ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၅၄၉၃၀၀၀၀/-) ကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က အိမ်တိုင် ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း  သိရသည်။

ယနေ့နံနက်ပိုင်းတွင် အမှတ် ၂ နယ်မြေမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တိုင်းဒေသကြီး လူမှု ဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက်သက်ကြီးဘိုးဘွားများကို လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 မြင့်ဟန် (ပုသိမ်ခရိုင်၊ပြန်/ဆက်)