ပုသိမ် ဇွန် ၁၂
၂၀၂၁ ခုနှစ်မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်၊ မြို့မအားကစား ကွင်း၌ ယနေ့ နံနက်ပိုင်းက ပိုင်းကျင်းပပြုလုပ်ခဲ့သည်။
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ တိုင်းဒေသကြီးကောင်စီဥက္ကဋ္ဌ ရဲမြင့်၊ အနောက်တောင်စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းကောင်စီ အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာများ၊ တပ်မတော်မှ အရာရှိကြီးများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ အခြားဖိတ်ပြားထားသူများ တက်ရောက် စိုက်ပျိုးပေးကြသည်။
တိုင်းကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်က “သစ်တောသစ်ပင်များရဲ့ အကျိုးကျေးဇူးဟာ အင်မတန်မှ များပြားလှတဲ့ အတွက် ကိုယ်တိုင်သစ်ပင်စိုက်ရခြင်းဟာလည်း ကြီးမြတ်တဲ့ လုပ်ငန်းတစ်ရပ်အဖြစ် ဂုဏ်ယူဝမ်းမြောက် စရာကောင်းလှကြောင်း၊ ကမ္ဘာကြီးမှာ ပြန်ကြည့်မယ်ဆိုရင် သစ်တောသစ်ပင်များ လျော့နည်း ပျက်စီးမှု ကြောင့် ရာသီဥတုဖောက်ပြန်မှုများ ဖြစ်ပေါ်လာ သည်ကို နေရာအသီးသီးမှာ မြင်တွေ့နေရကြောင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ တောမီးလောင်ခြင်း၊ ရေခဲတောင်များ အရည် ပျော်ခြင်းနှင့်အတူ သဘာဝအပေါ် မီခိုနေရသည့် လူသားများ၏ ဘဝမှာလည်း ဘေးအန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့ရသည် ကို တွေ့မြင် နေရကြောင်း၊ ၂၀၂၁ ခုနှစ်မှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း သစ်တောဦးစီးဌာနမှ နိုင်ငံပိုင်စီးပွားရေး စိုက်ခင်း ၂၅၇၅ ဧက၊ ဒီရေတောစိုက်ခင်း ၂၈၀၀ ဧက၊ ကျေးရွာထင်းစိုက်ခင်း ၈၀၀ ဧက၊ လူထုလှုပ်ရှားမှု ပျိုးပင်ပေါင်း ၁၄၁၅၈၀၀ ပင်၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း ၂၀၄၃ ဧက၊ ပုဂ္ဂလိကစိုက်ခင်း ၁၅၉၅ ဧက၊ အပင်စုစုပေါင်း ၁၂၀၅၇၀၈၅ ပင် စိုက်ပျိုးသွားမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးမှာ လွန်ခဲ့တဲ့ ၁၀ နှစ်တာကာလအတွင်း သစ်တောဖုံးလွှမ်းမှုကျဆင်းခြင်းနှင့် အတူ တိုင်းဒေသကြီးအတွက် မမေ့နိုင်တဲ့ နာဂစ် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုကို ခံစားခဲ့ကြရကြောင်း၊ ယင်းအဖြစ် ဆိုးမျိုး ထပ်မံမတွေ့ကြုံစေရေး အတွက် သစ်တောသစ်ပင်များ ပိုမိုဖြစ်ထွန်းပြီး သစ်တောလွှမ်းမိုးမှု ပိုမိုကောင်းမွန်စေရေးအတွက် ပြည်သူ အားလုံးက သစ်တောပြုစုပျိုးထောင်ရေးကို အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ရင်ဆိုင်ကျော်လွှား နိုင်မှာဖြစ်ကြောင်း၊ တက်ရောက်လာကြသော ပုဂ္ဂိုလ်များအားလုံးအနေဖြင့် သစ်ပင်စိုက်ပျိုးခြင်းကို ပိုမို ဆောင်ရွက်ကြပါ၊ တစ်ပင်စိုက် တစ်ပင်ရှင်အောင် ပြုစုပျိုးထောင်ကြပါ၊ သစ်တောထိန်းသိမ်းရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင်ကြပါ၊ တိုင်းဒေသကြီးသာမက ကမ္ဘာကြီးတစ်ခုလုံးပါ အမြန်ဆုံးသာယာလှပ စိမ်းလန်းစိုပြေလာစေရေး ဆုတောင်းကြောင်း” ပြောကြားသည်။
ထိုနောက် တိုင်းကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စိုက်ပျိုးမည့်သစ်ပင်များကို ပေးအပ်ရာတာဝန်ရှိသူများက လက်လက်ခံရ ယူပြီး သတ်မှတ်ထားသော နေရာများ သစ်ပင်များကို စိုက်ပျိုးခဲ့ပြသည်။
ယနေ့ စိုက်ပျိုးခဲ့သော သစ်ပင်များမှာ ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ကံကော်၊ မန်ဂျန်ရှား စသည့်ပျိုးပင် ၁၀၀၅ ပင် စိုက်ပျိုးခဲ့ ကြသည်။
မောင်မောင်မြင့်