ပူတာအို ဇွန် ၁၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် မိုးရာသီကာလအတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၏ ကြီးကြပ်ဦးဆောင်မှုဖြင့် ပူတာအိုမြို့နယ် သစ်တောဦးစီးဌာနမှ ဆောင်ရွက်သည့် ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက်(၈)နာရီခွဲက ပူတာအိုမြို့ လီဆူ စာပေနှင့် ယဉ်ကျေးမှုခြံဝင်း၌ ကျင်းပသည်။
မိုးရာသီကာလ သစ်ပင်စိုက်ပျိုးခြင်းအားဖြင့် မြေဆီမြေဩဇာတိုးပွားစေပြီး အပူချိန်ထိန်းညှိပေးနိုင်ခြင်း၊ ရေလွမ်း မှုထိန်းသိမ်း ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ရေး ၂၀၂၁ ခုနှစ် မိုးရာသီကာလ သစ်ပင်စိုက် ပျိုးနိုင်ရန်အတွက် မြို့နယ်သစ်တော ဦးစီးဌာနအနေဖြင့် ပျိုးပင်ပေါင်း(၁၉၄၀၀)ပင် ပျိုးထောင်ထားရှိပြီဖြစ် ကြောင်း သိရသည်။
ယင်းပျိုးထောင်ထားရှိသည့် ပျိုးပင်များအား အထိမ်းအမှတ်နေ့များ၊ ရပ်ကွက်/ကျေးရွာများရှိ လိုအပ်သည့် နေရာများနှင့် စိုက်ပျိုးလိုသည့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ ဘာသာရေးကျောင်းများ၊ စာသင်ကျောင်း များ၊ အဖွဲ့အစည်းများသို့ ဇွန်လနှင့် ဇူလိုင်လအတွင်း မိုးရာသီကာလတွင် အခမဲ့ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ် ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ ပူတာအိုအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းသိမ်း၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ များ၊ လူမှုရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ များ စုစုပေါင်းအင်အား(၁၅၀)ဦးခန့်က အမြင့်ပေနှစ်ပေနှင့် အထက်ရှိသော ရေပိတုန်းသစ်မျိုး(၅၀၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။