ရေနံချောင်း ဇွန် ၁၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၁ ခုနှစ် မိုးရာသီကာလတွင် ရေနံချောင်းမြို့နယ်အတွင်း အထူးစိမ်းလန်းစိုပြည်ရေး အတွက် ဒေသနှင့် ကိုက်ညီမည့် ပျိုးပင်ပေါင်း ၅၂၀၀၀ ကျော် စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။
ကျေးရွာဒေသခံများ ထင်းလောင်စာနှင့် အခြေခံသစ်တောထွက်ပစ္စည်းများ ဖူလုံစွာရရှိရေးကျေးရွာ သုံးစိုက်ခင်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစိုက်ခင်းများ တည်ထောင်ရန်အတွက် ပျိုးထောင် ထားရှိ သော အပင်အမျိုးအစားများမှာ ရှား၊ ယူကလစ်၊ တမာ၊ ကျွန်း၊ မဲဇလီ၊ ဖျောက်ဆိပ်၊ ဒဟက်နှင့် ကန္တာစိမ်း စသည့်ပျိုးပင်ပေါင်း ၅၂၀၀၀ အား စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် အများပြည်သူတို့အား အခမဲ့ ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ရေနံချောင်းမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မင်းသူထံမှ သိရှိရသည်။
ငြိမ်းငြိမ်းအိ