သတင်းများ

ဇလွန်မြို့နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးအတွက် ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်
Sep 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေး တို့အတွက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းကျော် ဦးဆောင်သောအဖွဲ့များသည် ညစဉ် မြို့အတွင်း လှည့်ကင်းများဖြင့် ပိတ်ဆို့ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ကာကွယ်ရေးအတွက် ကျန်းမာရေး စစ်ဆေးခြင်းများ အိမ်တိုင်ရာရောက် ကွင်းဆင်း စစ်ဆေး
Sep 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် လက်တလောဖြစ်ပွားနေသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်−၁၉ကူးစက်ပျံ့နှံ့မှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာနေ ပြည်သူများအား ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ပေးခြင်းကို အမှတ်(၁၅) ရပ်ကွက် အတွင်းရှိ ပြည်သူများအား ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က ကိုဗစ်−၁၉ရောဂါကာကွယ် ထိန်းချုပ်​ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်ဖြင့် ကွင်းဆင်းဆောင် ရွက်ခဲ့သည်။
ဓနုဖြူမြို့တွင် နှာခေါင်းစည်း(Mask)များအခမဲ့ ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်
Sep 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေး ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း(Mask)များအခမဲ့ ဖြန့်ဝေးခြင်း နှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုကို ယမန်နေ့ နံနက် ၇ နာရီတွင် မြို့ပေါ်ရပ်ကွက်များတွင်ဆောင်ရွက်ခဲ့သည်။
တပ်ကုန်းမြို့၌ ဦးခေါင်းနှစ်လုံးပါသည့် ကလေးတစ်ဦးမွေးဖွား
Sep 17,2020
နေပြည်တော် တပ်ကုန်းမြို့နယ် ရွေးစုကျေးရွာအုပ်စု၊ ရွေးစုကျေးရွာနေ ဦးသိန်းထိုက်၏ဇနီး မအေးစန္ဒာမြင့်၊ အသက်(၂၉)နှစ်မှာ ကလေး မီးဖွားရန်အတွက် တပ်ကုန်းမြို့ ခုတင် (၁၀၀)ပြည်သူ့ ဆေးရုံတွင် ဆေးကုသလျက်ရှိရာ ယမန်နေ့ ည ၈ နာရီအချိန်တွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းထွန်း ကြီးကြပ်၍ လက်ထောက်ဆရာဝန် ဒေါက်တာမင်းထက်မောင်မောင် (သားဖွားနှင့်မီးယပ်) အဖွဲ့မှ အရေးပေါ်ခွဲစိတ် မွေးဖွားပေးခဲ့ရာ ဦးခေါင်းနှစ်လုံးပါသည့် ကလေးငယ် (ယောက်ျားလေး) တစ်ဦး မွေးဖွားခဲ့ကြောင်း သိရသည်။
နောင်တရားမြို့ ဌာနဆိုင်ရာရုံးများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိ
Sep 17,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ရုံးဝန်ထမ်းများအချင်းချင်း ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ရှိ ဌာနဆိုင်ရာများ၏ ရုံးအဝင်ပေါက်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ထိန်းချုပ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရပ်စောက်မြို့နယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအား မိုးရာသီ စိုက်ပျိုးချေးငွေ ထုတ်ချေးပေး
Sep 17,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မန်နေဂျာ ဒေါ်မာလာစိုးနှင့် ဝန်ထမ်းများသည် ရပ်စောက်မြို့နယ် ဗထူးတပ်နယ်ကန်တော်မင် ဧရိယာအတွင်းရှိ မကျီးကုန်းကျေးရွာအုပ်စုနှင့် မားသဲကျေးရွာအုပ်စုရှိ တောင်သူများအား မိုးရာသီ စိုက်ပျိုးချေးငွေများ ထုတ်ချေးခြင်းကို ယမန်နေ့ က အလက(၃)ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ် အမက(၂၆)ကျောင်းနှင့် အလက(၅)​ကျောင်းအား Quarantine Centre အဖြစ် ထားရှိရန် ကြိုတင်ပြင်ဆင်​ဆောင်ရွက်
Sep 17,2020
ရန်ကုန်အ​နောက်ပိုင်းခရိုင် လှိုင်မြို့နယ်တွင် အမက(၂၆)ကျောင်းနှင့် အလက(၅)ကျောင်းတို့၌ Quarantine Centre အဖြစ် ထားရှိ​ဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့ နံနက်မှစတင်၍ ကြိုတင် ပြင်ဆင်ဆောင်ရွက်လျက်ရှိ သည်။