သတင်းများ

ကယားပြည်နယ်တွင် ၂၀၂၁ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပပြီးစီး
Jun 13,2021
ကယားပြည်နယ်အတွင်း ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားစေရေးနှင့် သာသနာ့အာဇာနည်များ ပေါ်ထွန်းလာစေရေးတို့အတွက် ပြည်နယ်သံဃာနာယကအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှု ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ထောက်ပံ့ လှူဒါန်းမှု၊ ပြည်နယ်သာသနာရေးဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုများဖြင့် ၂၀၂၁ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ဇွန် ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီမှစ၍ လွိုင်ကော်မြို့ သာသနာ့ ဗိမာန်တော်ကြီးတွင် နေ့စဉ်ကျင်းပခဲ့ရာ ဇွန် ၁၃ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့တွင် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Jun 13,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပ ပြုလုပ်ခဲ့သော အစိုးရပါဠိ ပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များအား အောင် လက်မှတ်နှင့် လှူဖွယ်ဝတ္ထုဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို တိုက်ကျောင်းပါဠိ တက္ကသိုလ်၌ ယနေ့ နံနက် ၈ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
သံဖြူဇရပ်၌ မိုင်းအန္တရာယ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Jun 13,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မိုင်းအန္တရာယ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ပြုလုပ်သည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့တွင် အစိုးရပါဠိပထမပြန်စာဖြေပွဲ စာအောင် သံဃာများအား အောင်လက်မှတ်နှင့်အောင်ဆုဆက်ကပ်
Jun 13,2021
(၁၆)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာဖြေပွဲ စာအောင်သံဃာများအား အောင်လက်မှတ်နှင့် အောင်ဆုဆက်ကပ် လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ မင်္ဂလာအနောက် ကျောင်းတိုက်တွင် ယနေ့နံနက် (၉)နာရီက ကျင်းပကြောင်း သိရသည်။
၂၀၂၀ပြည့်နှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ၊ စာအောင်သံဃာတော်များအားပူဇော်သည့်စူဠ ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Jun 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အစိုးရပါဠိပထမပြန် စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသောစာအောင်သံဃာ တော်များအား ပူဇော်သည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲခန့်က တိလောကမာရဇိန်မြတ်စွာဘုရားကြီးရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပ ခဲ့သည်။
မိုးညှင်းတက္ကသိုလ်တွင် မိုးရာသီစု‌ပေါင်း သစ်ပင်စိုက်ပွဲတော်ကျင်းပ
Jun 13,2021
ကချင်ပြည်နယ် မိုးညှင်းမြို့ ရွာသစ်ကုန်းကျေးရွာ အုပ်စုအတွင်းရှိ မိုးညှင်းတက္ကသိုလ်တွင် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၁ ခုနှစ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပွဲတော် ကျင်းပခဲ့သည်။
ပဲခူးမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
Jun 13,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဆောင်သောဝန်ထမ်းများသည် ပဲခူးမြို့နယ်အတွင်းရှိ အသက်(၁၆)နှစ်အထက် မည်သည့်လက်မှတ်မျှကိုင်ဆောင်ဖူးခြင်း မရှိသောသူများအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့်အိမ်ထောင်စု လူဦးရေစာရင်းများအားပြုလုပ်ပေးလျက်ရှိရာ ဘုရားကြီးအမှတ်(၁)ရပ်ကွက်ရှိ ပြည်သူ(၂၈၅)ဦးအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
လေးမျက်နှာမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာများအား ဆုနှင်းသဘင် အခမ်းအနားကျင်းပ
Jun 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စတုမုခဇေယျသိဒ္ဓိ ဘုရားဝင်းအတွင်းရှိ ဓမ္မာဝိဇ္ဇာ ဓမ္မာရုံ၌ ယနေ့ နံနက် ၈ နာရီက ၂၀၂၀ ပြည့်နှစ် ပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်ခဲ့သည့် စာအောင်သံဃာများအား ဆုနှင်းသဘင်အခမ်းအနားကို ကျင်းပပြုလုပ်ရာ နာယကဆရာတော်များ စာအောင် သံဃာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ နှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။