သတင်းများ

မော်လမြိုင်မြို့၌ ဒေါက်တာလှဘေ ပညာပါရမီ စာကြည့်တိုက် အမှုဆောင်သစ် တင်မြှောက်ခြင်းနှင့် စာအုပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Jun 13,2021
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ဒေါက်တာလှဘေ ပညာပါရမီစာကြည့်တိုက်၏ အမှုဆောင်သစ် တင်မြှောက်ခြင်း၊ အမှုဆောင်အဖွဲ့ဟောင်းမှ လုပ်ငန်းတာဝန်များ လွှဲပြောင်း ပေးအပ်ခြင်းနှင့် စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ဒေါက်တာလှဘေ ပညာပါရမီ စာကြည့်တိုက်ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘုရားသုံးဆူမြို့တွင် ၂၀၂၁ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီး
Jun 13,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ၂၀၂၁ ခုနှစ်၊အစိုးရပါဠိပထမပြန်စာမေးပွဲကို ဇွန်လ ၇ ရက်နေ့မှ ဇွန်လ ၁၃ ရက်နေ့အထိ  ဓမ္မဟေဝန် (ဘက) ကျောင်း၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပပြီးစီး
Jun 13,2021
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၁ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြို့မဘုန်းတော်ကြီးကျောင်း၌ ဇွန်လ(၇)ရက်နေ့ စတင်ကျင်းပခဲ့ရာ ယနေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း သိရသည်။
ကျောက်တန်းမြို့တွင် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Jun 13,2021
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါဠိပထမပြန်စာမေးပွဲ အောင်လက်မှတ်ဆက်ကပ်သည့်  စူဠဘွဲ့နှင်း သဘင် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျောက်တန်းမြို့ ရွှေမှော်ဝန်း သာသနာ့ဗိမာန်တော်ကြီးတွင်  ကျင်းပပြုလုပ်ခဲ့သည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး Community Center ၌ စာဖတ်ဝိုင်းပြုလုပ်
Jun 13,2021
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ခေတ္တရာမြို့သစ်(၁၀)လမ်းထိပ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်ခရိုင်ရုံး Community Center၌ ယနေ့ မွန်းလွဲ ၁ နာရီက စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ "ရွှေရောင်လွှမ်းတဲ့အခွင့်အလမ်း" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကိုင်းကြီး(ရခိုင်)ကျေးရွာတွင် ရွှေထီးတော်တင်လှူ ပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲ အခမ်းအနားကျင်းပ
Jun 13,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး၊ ကွပ်ကဲရေးမှူး ရဲမှူးချုပ် ထက်လွင် ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် စေတနာရှင် ပြည်သူများ စုပေါင်း လှူဒါန်းအပ်သော ကိုင်းကြီး(ရခိုင်)ကျေးရွာ၌ “သဒ္ဓမ္မဇေယျရံသီ” စေတီတော်မြတ် ကြီး ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲ အခမ်းအနားကို သာသနာ တော်နှစ် ၂၅၆၄  ခုနှစ်၊ ကောဇာသက္ကရာဇ်  ၁၃၈၃  ခုနှစ် ၊ နယုန် လဆန်း ၄ ရက်၊ ခရစ် သက္ကရာဇ် ၂၀၂၁ ခုနှစ်၊ယနေ့ နံနက် ၉ နာရီက အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ 
သာစည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်
Jun 13,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီး များအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ဘုတလင်မြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲနှင့် ရှင်ကျင့်ဝတ်စာမေးပွဲများ ကျင်းပပြီးစီး
Jun 13,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ လယ်ပြင်ပရိယတ္တိစာသင်တိုက်တွင် ဇွန်လ(၇)ရက်က စတင်ခဲ့သည့် ၂၀၂၁ခုနှစ်၊ ပါဠိပထမပြန် စာမေးပွဲ နှင့် ရှင်ကျင့်ဝတ်စာမေးပွဲများ ဇွန်လ(၁၃)ရက်၊ နေ့လယ်ပိုင်းတွင် ကျင်းပပြီးစီးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးတင်လှကြည်ထံမှ သိရသည်။