ဟားခါး ဇွန် ၁၃
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် Quarantine Centre အဖြစ် ဖွင့်လှစ်ထားသည့် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း၌ Quarantine ဝင်သူ (၆ ) ဦးကို ဇွန်လ ၁၂ ရက် ယမန်နေ့ ညနေပိုင်းက ကျန်းမာရေးဦးစီးဌာနရှိ တာဝန်ရှိသူများက RDT Test Kid ဖြင့် စစ်ဆေးခဲ့ရာ တစ်ဦးထံတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ယမန်နေ့က RDT Test Kid ဖြင့် စစ်ဆေးခဲ့သူများသည် ဖလမ်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဟားခါးမြို့သို့ ရာထူးတိုးဖြေဆိုရန် လာရောက်ကြသူများဖြစ်ကြောင်း၊ COVID-19 ရောဂါပိုးတွေ့ရှိသူ ရာထူးတိုးဖြေဆိုသည့် အချိန်တွင် အခန်းစောင့်များဖြစ်ကြသည့် လက်ထောက်ညွှန်မှူးနှင့် ဒုဦးစီးမှူးကို Quarantine Centre ချထားပြီး ပိုးတွေ့လူနာကိုတော့ ဆေးရုံ ပို့လိုက်ကြောင်း သိရသည်။
ယခုအခါ ဟားခါးမြို့တွင် Quarantine ဝင်သူ ( ၉ ) ဦးရှိပြီး ယနေ့အထိ ဟားခါးမြို့နယ်မှ COVID-19 ရောဂါဖြင့် သေဆုံးသူ (၁)ဦးရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။