ထားဝယ်မြို့တွင် ၂၀၂၁ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကျင်းပ

ထားဝယ် ဇွန် ၁၃

၂၀၂၁ ခုနှစ် ၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချူပ်ရေး ကောင်စီအိမ်ရာဝင်းအတွင်း၌ ကျင်းပသည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်သီသီစိုးနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များတို့က သစ်ပင်ပျိုးပင် ( မဟောဂနီ၊ စိန်ပန်း၊ ကညင်၊ ခရေ၊ ပျဉ်းကတိုး၊ ပိတောက်၊ သင်္ကန်း၊ သစ်ရှိုး၊ တမလန်၊ ငုဝါ၊ ကံ့ကော်ပင်) စုစုပေါင်း ပျိုးပင်(၁၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

သစ်တောသစ်ပင် ကျေးဇူးရှင်ထိန်းသိမ်းကြစို့ထာဝစဉ်၊ ရှင်အောင်စိုက်ပျိုး ကြီးအောင်ပြုစု မြဲအောင်ထိန်းသိမ်း၊ ကြီးမြန်သစ်ပင် စိုက်ပျိုးလျှင် စွမ်းအင်လည်းရ ပြည်လည်းလှ၊ နှစ် ၂၀ တဝိုက် အချိန်ကိုက်တို့ စိုက်ခဲ့လျှင် အကောင်းဆုံးပင်၊ အခုချိန်စိုက်နောက်မကျ ဒုတိယအကြိမ် အကောင်းဆုံးပ စသည့် ဆောင်ပုဒ်များနှင့်အညီ စုပေါင်းသစ်ပင်ပျိုးပင်များ စိုက်ပျိုးရခြင်း ဖြစ်ကြောင်း သိရသည်။

(တိုင်းဒေသကြီးပြန်/ဆက်)