သတင်းများ

မိုးညှင်းတက္ကသိုလ်တွင် မိုးရာသီစု‌ပေါင်း သစ်ပင်စိုက်ပွဲတော်ကျင်းပ
Jun 13,2021
ကချင်ပြည်နယ် မိုးညှင်းမြို့ ရွာသစ်ကုန်းကျေးရွာ အုပ်စုအတွင်းရှိ မိုးညှင်းတက္ကသိုလ်တွင် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၁ ခုနှစ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပွဲတော် ကျင်းပခဲ့သည်။
ပဲခူးမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
Jun 13,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဆောင်သောဝန်ထမ်းများသည် ပဲခူးမြို့နယ်အတွင်းရှိ အသက်(၁၆)နှစ်အထက် မည်သည့်လက်မှတ်မျှကိုင်ဆောင်ဖူးခြင်း မရှိသောသူများအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့်အိမ်ထောင်စု လူဦးရေစာရင်းများအားပြုလုပ်ပေးလျက်ရှိရာ ဘုရားကြီးအမှတ်(၁)ရပ်ကွက်ရှိ ပြည်သူ(၂၈၅)ဦးအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
လေးမျက်နှာမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာများအား ဆုနှင်းသဘင် အခမ်းအနားကျင်းပ
Jun 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စတုမုခဇေယျသိဒ္ဓိ ဘုရားဝင်းအတွင်းရှိ ဓမ္မာဝိဇ္ဇာ ဓမ္မာရုံ၌ ယနေ့ နံနက် ၈ နာရီက ၂၀၂၀ ပြည့်နှစ် ပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်ခဲ့သည့် စာအောင်သံဃာများအား ဆုနှင်းသဘင်အခမ်းအနားကို ကျင်းပပြုလုပ်ရာ နာယကဆရာတော်များ စာအောင် သံဃာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ နှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။
ဖားကန့်နယ်မြေအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာနိုင်သည့် မှော်လုပ်ကွက်၊ ကျင်းဟောင်း၊ ကမ်းပါးယံများတွင် အန္တရာယ်သတိပေး ဆိုင်းဘုတ်များစိုက်ထူ
Jun 13,2021
ဖားကန့်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့တွင်ပါဝင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများသည် အဖွဲ့(၂)ဖွဲ့ခွဲကာ လုံးခင်း၊ ဖားကန့်ရတနာနယ်မြေ အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာနိုင်သည့် မှော်လုပ်ကွက်၊ ကျင်းဟောင်း၊ ကမ်းပါးယံနေရာများတွင် မြေပြိုခြင်းနှင့်ကျင်းကမ်းပါယံမှပြုတ်ကျခြင်းများ မဖြစ်ပေါ်စေရန် ဇွန်(၁၂)ရက် မနက်ပိုင်းက အန္တရာယ်သတိပေးဆိုင်းဘုတ်များ စိုက်ထူခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၌ ကြက်သွန်သီးနှံအ‌ခြေခံရည်ညွှန်း ဈေးနှုန်းသတ်မှတ်ပြဋ္ဌာန်းနိုင်ရန်ဆွေးနွေး
Jun 13,2021
ကြက်သွန်စိုက်ပျိုးလုပ်ကိုင်ဆောင်ရွက်နေသူများနှင့် ကြက်သွန်သီးနှံအ‌ခြေခံရည်ညွှန်း‌ဈေးနှုန်း သတ်မှတ်ပြဋ္ဌာန်းနိုင်‌ရေးတွေ့ဆုံဆွေးနွေးပွဲကို ဇွန် ၁၃ရ က် နံနက် ၉ နာရီခွဲက ပခုက္ကူမြို့ ကုန်သည်ပွဲစားများအသင်း၌ကျင်းပသည်။
၂၀၂၀ပြည့်နှစ် စူဠဘွဲ့နှင်းသဘင် အခမ်းအနား သံတွဲ၌ကျင်းပ
Jun 13,2021
အစိုးရပါဠိပထမပြန်စာမေးပွဲ ၂၀၂၀ပြည့်နှစ် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲအချိန်က သံတွဲမြို့ ဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။
ငါန်းဇွန်မြို့၌ (၃၂)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Jun 13,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့ ရှင်ပင်မိုးကောင်းမြတ်စွာ ဘုရားဝင်းအတွင်းရှိ ရတနာဃရ သာသနဗိမာန်၌ ယနေ့နံနက် ၇ နာရီအချိန်က ၂၀၂၀ ပြည့်နှစ် ပါဠိပထမပြန်စာမေးပွဲဖြေဆို အောင်မြင်ခဲ့သည့် စာအောင်သံဃာတော်များအား ပူဇော်သည့် (၃၂)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်းသိရသည်။
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှကြီးမှူး၍ ငြိမ်းချမ်းရေးဖလား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကျင်းပ
Jun 13,2021
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှကြီးမှူး၍ ၂၀၂၁ ခုနှစ် ငြိမ်းချမ်းရေးဖလား ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၄ နာရီခန့်က ဘားအံမြို့ အောင်သံလွင်အားကစားကွင်း၌ ကျင်းပသည်။