နောင်မွန်မြို့နယ်၌ ရဲမှုထမ်းဟောင်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့
Sep 16,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် နှစ်ရှည်လများ တာဝန်ထမ်းဆောင် ခဲ့ကြသည့် ရဲမှုထမ်းဟောင်း မျာအား ကိုဗစ်-၁၉ ကာလအတွင်း တစ်ဖက်တစ်လှမ်းမှ မိသားစုစားဝတ်နေရေး အထောက်အကူ ဖြစ်စေရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အစီအစဉ်ဖြင့် ရဲမှုထမ်းဟောင်းများအား အခြေခံ စားသောက်ကုန် ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ ခန့်က နောင်မွန်မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးခန်းမ၌ ကျင်းပသည်။