မောက်မယ်မြို့နယ်၌ ပညာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

မောက်မယ် ဇွန် ၁၃
 
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက မောက်မယ်မြို့နယ်၊ မွေတော်ရပ်ကွက်ရှိ နမ့်ယွန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မောက်မယ်မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများ တို့အား သူနာပြုများက အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းများ ဆောင်ရွက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို(၂၅)ဦး ထိုးနှံပေးခဲ့ပြီး ဝေးလံသည့်ကျေးရွာများသို့တာဝန်ထမ်းဆောင်နေသော ဆရာ/ဆရာ များတို့ကိုလည်း ယခုလကုန်တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဆရာမ ထံမှတဆင့် သိရသည်။