မိုးညှင်း ဇွန် ၁၃
ကချင်ပြည်နယ် မိုးညှင်းမြို့ ရွာသစ်ကုန်းကျေးရွာ အုပ်စုအတွင်းရှိ မိုးညှင်းတက္ကသိုလ်တွင် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၁ ခုနှစ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပွဲတော် ကျင်းပခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပွဲတော်အား မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီမှဦးဆောင်၍ မြို့နယ်သစ်တော ဦးစီးဌာန၏ အစီအစဉ်ဖြင့် ခရေပင်(၁၀၀)ပင်၊ ကံ့ကော်ပင်(၁၀၀)ပင်၊ ရေမနေပင်(၁၀၀)ပင်၊ ပိတောက်ပင်(၁၀၀)ပင်၊ ပျဉ်းကတိုးပင်(၅၀)ပင်၊ ကျွန်းပင်(၅၀)ပင်၊ မဟော်ဂနီပင်(၂)ပင်နှင့် စကားဝါပင်(၂)ပင် စုစုပေါင်း သစ်ပင်(၅၀၄)ပင်တို့ စိုက်ပျိုးခဲ့ကြသည်။
၂၀၂၁ ခုနှစ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပွဲတော်သို့ ခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးသန်းဇော်ဟန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးမှူး ဦးကြည်စိုးနှင့် အဖွဲ့ဝင်များ၊ မိုးညှင်းတက္ကသိုလ် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာမဉ္ဇူမင်းနှင့် ဆရာ၊ ဆရာမများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)