သံတွဲ ဇွန် ၁၃
အစိုးရပါဠိပထမပြန်စာမေးပွဲ ၂၀၂၀ပြည့်နှစ် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲအချိန်က သံတွဲမြို့ ဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားကို ကြွရောက်တော်မူကြသည့် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က နမောတသသုံးကြိမ်ရွက်ဆို ဘုရားကန်တော့၍ ဖွင့်ကြပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သီရိမင်္ဂလာမြို့ဦးကျောင်း ဆရာတော် ဘဒ္ဒန္တရေဝတထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်က သာသနာရေးဆိုင်ရာများကို လျှောက်ထားတော်မူပြီး သံဃနာယက အဖွဲ့ဆရာတော်များ၊ နာယကစာချဆရာတော်များနှင့် စာအောင်သံဃာတော်များကို လှူဘွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် အဖွဲ့ဝင်များမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ ဒွါရာဝတီပရိယတ္ထိအဖွဲ့ဝင်များက ၂၀၂၀ပြည့်နှစ် အစိုးရပါဠိ ပထမပြန် စာမေးပွဲ စာအောင်သံဃာတော်များအား စာအောင်ဆုနှင့် အောင်လက်မှတ်များကို ဆက်ကပ် လှူဒါန်းကြကြောင်းသိရသည်။
အဆိုပါ ၂၀၂၀ပြည့်နှစ် အစိုးရပါဠိပထမပြန် စာမေးပွဲတွင် ပထမကြီးတန်းတစ်ပါး၊ ပထမငယ်တန်း ၃ ပါး၊ အခြေပြုမူလတန်း ၁၃ ပါး အောင်မြင်တော်မူကြကြောင်း သံတွဲခရိုင် သာသနာသနာရေး ဦးစီးဌာနမှ သိရသည်။
ခရိုင်(ပြန်/ဆက်)