ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကိုင်းကြီး(ရခိုင်)ကျေးရွာတွင် ရွှေထီးတော်တင်လှူ ပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲ အခမ်းအနားကျင်းပ
Jun 13,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး၊ ကွပ်ကဲရေးမှူး ရဲမှူးချုပ် ထက်လွင် ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် စေတနာရှင် ပြည်သူများ စုပေါင်း လှူဒါန်းအပ်သော ကိုင်းကြီး(ရခိုင်)ကျေးရွာ၌ “သဒ္ဓမ္မဇေယျရံသီ” စေတီတော်မြတ် ကြီး ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲ အခမ်းအနားကို သာသနာ တော်နှစ် ၂၅၆၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၃ ခုနှစ် ၊ နယုန် လဆန်း ၄ ရက်၊ ခရစ် သက္ကရာဇ် ၂၀၂၁ ခုနှစ်၊ယနေ့ နံနက် ၉ နာရီက အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။