ဖားကန့် ဇွန် ၁၃
ဖားကန့်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့တွင်ပါဝင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများသည် အဖွဲ့(၂)ဖွဲ့ခွဲကာ လုံးခင်း၊ ဖားကန့်ရတနာနယ်မြေ အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာနိုင်သည့် မှော်လုပ်ကွက်၊ ကျင်းဟောင်း၊ ကမ်းပါးယံနေရာများတွင် မြေပြိုခြင်းနှင့်ကျင်းကမ်းပါယံမှပြုတ်ကျခြင်းများ မဖြစ်ပေါ်စေရန် ဇွန်(၁၂)ရက် မနက်ပိုင်းက အန္တရာယ်သတိပေးဆိုင်းဘုတ်များ စိုက်ထူခဲ့ကြောင်း သိရသည်။
ဌာနဆိုင်ရာများပါဝင်သော အဖွဲ့(၁)သည် လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာလုပ်ကွက် ကျင်းဟောင်းကမ်းပါးယံအနီး၊ မော်ဝမ်းရပ်ကွက်၊ မော်မောင်း၊ မော်ဝမ်းလေး၊ မော်ဝမ်းကြီး မှော်လုပ်ကွက်ကျင်းဟောင်းနှင့် ရေကန်အနီး၊ အေးမြ သာယာရပ်ကွက်ရှိ ရှရော်ခမှော်/ မနမှော်ကမ်းပါးယံနှင့် ကျင်းဟောင်းရေကန်အနီး၊ ဖားပြင်မှော်/ မက်လင်ချောင်မှော် လုပ်ကွက်ကမ်းပါးယံနှင့် ကျင်းဟောင်း ရေကန်အနီးနှင့်ဌာနဆိုင်ရာများ ပါဝင်သော အဖွဲ့(၂)သည် ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါမှော် ခကျန်ကျေးရွာ/ လခူးချောင်ကျေးရွာ၊ နမ့်မှော်၊ ဝါကျဲမှော်၊ ငိုးပင်းမှော်၊ စပေါ့မှော်၊ ဘဇံချောက်မှော်၊ ကရင်ချောင်မှော်၊ မှော်လကင်မှော် လုပ်ကွက်ကျင်းဟောင်းရေကန်နှင့် ကမ်းပါးယံ အနီးနေရာများတို့တွင် အန္တရာယ်သတိပေး ဆိုင်းဘုတ်များ စိုက်ထူခဲ့ကြကြောင်း သိရသည်။