လေးမျက်နှာမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာများအား ဆုနှင်းသဘင် အခမ်းအနားကျင်းပ

လေးမျက်နှာ ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊  လေးမျက်နှာမြို့နယ် စတုမုခဇေယျသိဒ္ဓိ ဘုရားဝင်းအတွင်းရှိ ဓမ္မာဝိဇ္ဇာ ဓမ္မာရုံ၌ ယနေ့ နံနက် ၈ နာရီက ၂၀၂၀ ပြည့်နှစ် ပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်ခဲ့သည့် စာအောင်သံဃာများအား ဆုနှင်းသဘင်အခမ်းအနားကို ကျင်းပပြုလုပ်ရာ နာယကဆရာတော်များ စာအောင် သံဃာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ နှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ညောင်ပင်ကျောင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဩဝါဒ ကထာအားနာယူပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင် က သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားခဲ့သည်။

ထို့နောက် ၂၀၂၀ ပြည့်နှစ် ပါဠိပထမပြန်စာမေးပွဲတွင်   အောင်မြင်ခဲ့ကြသည့် ပထမကြီးတန်း(၁၁)ပါး၊  ပထမလတ်တန်း(၃)ပါး၊ ပထမငယ်တန်း(၁၅)ပါးနှင့် အခြေပြုမူလတန်း(၂၅)ပါး၊ မူကတန်း(က)အောင် (၁၀)ပါး၊ မူလတန်း(ခ)အောင်(၁၈)ပါး စုစုပေါင်း(၈၂)ပါးတို့အား အောင်လက်မှတ်များနှင့် အလှူငွေများ ကို ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဝေဝေ(လေးမျက်နှာ)