ဒဂုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိူင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jun 13,2021
ရန်ကုန် အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် ယမန်နေ့ နံနက် ၁၀ နာရီ မှ ၂ နာရီခွဲအချိန်ထိ ပြည်အရှေ့ရပ်ကွက် GE-954စစ်တပ်ဝင်းအတွင်း ပန်းခင်းစီမံချက်ဖြင့် တပ်မိသားစုဝင်များအား အသက်(၁၈)နှစ် ပြည့်ပြီးသူ နိူင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား နိူင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့်ပြီးသူများကို နိူင်ငံသားစိစစ်ရေးကတ်ပြား နိူင်၃(က)မှနိူင်၆(က)သို့ လဲလှယ်ပေးခြင်း၊ ပျောက်ဆုံး/ပျက်စီးသူများအား အသစ်ပြုလုပ် လဲလှယ်ပေးခြင်းများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးအရာရှိ နှင့် ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။