Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်မှု (၈၅)ရာခိုင်နှုန်းပြီးစီး
Sep 15,2020
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကွက်သစ်ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်းတွင် RCC နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်လျှက်ရှိရာယခုအခါတွင် အဆောက် အအုံဆောက်လုပ်မှုမှာ (၈၅) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့တွင် တစ်ပိုင်တစ်နိုင် ဝဥတူးဖော်ရောင်းချခြင်းလုပ်ငန်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Sep 15,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူများသည် တစ်ပိုင်တစ်နိုင် ဝဥတူးဖော်ရောင်းချလုပ်ကိုင် ဆောင်ရွက်ခြင်းလုပ်ငန်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခင်ဦးမြို့နယ်၌ ကန့်သတ်စောင့်ကြည့်ထားသောနေရာရှိ ရန်ကုန်ပြန်များထံမှ အာခေါင်၊ နှာခေါင်းတို့ပတ် (Swab) ဓာတ်ခွဲနမူနာများ ရယူကာ ဓာတ်ခွဲရန်ပေးပို့
Sep 15,2020
ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသနိုင်ရန်အတွက် ရန်ကုန်မြို့မှ ပြန်လည်ရောက်ရှိလာသူများကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ရှိ သက်ဆိုင်ရာ ကျေးရွာများအလိုက် ကန့်သတ် စောင့်ကြည့် ထားရာ ယနေ့ နံနက်ပိုင်းက ၎င်းတို့တွင် ကိုဗစ်ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်ရန် အတွက် ယင်းတို့ထံမှ အာခေါင်၊နှာခေါင်း(swap) ဓာတ်ခွဲနမူနာများ ရယူကာ မန္တလေးမြို့ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဌ ဦးစိုးဝင်းအောင်နှင့် အဖွဲ့က တာဝန်ယူ ပေးပို့ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့၊ ထီးကြားရာကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး နှာခေါင်းစည်းများဖြန့်ဝေခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းဆောင်ရွက်
Sep 15,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ ကိုဗစ်- ၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိရှိစေရန်နှင့် ကိုဗစ်-၁၉ရောဂါတို့မှ ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ ယမန်နေ့က မဲသမူးကျေးရွာအုပ်စု ထီးကြားရာကျေးရွာတွင် ကျန်းမာရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အသိပညာပေးခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Sep 15,2020
ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်း များကို အရှိန် အဟုန်မပြတ် ဆက်လက် လုပ်ဆောင်လျက်ရှိရာ ယနေ့ နံနက်ပိုင်းမှစ၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာ တစ်ခုဖြစ်သည့် ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ “ရွှေရန်ကုန်” စက်တပ်ရေယာဉ်(သမ္ဗန်) ဆိပ်အနီးတွင် ပြည်သူများ လက်ဝယ်အရောက် အကာအကွယ် Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ် ကွမ်းစိုက်တောင်သူများ ကိုဗစ် - ၁၉ ရောဂါ စတင်ချိန်မှစ၍ ကွမ်းရွက်ဈေးနှုန်းကျဆင်းနေ
Sep 15,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ကွမ်းစိုက်တောင်သူများ ကိုဗစ် - ၁၉ ရောဂါ စတင် ဖြစ်ပွားချိန်မှစတင်ပြီး ကွမ်းရွက်ဈေးနှုန်းများကျဆင်းကာ ကွမ်းစိုက်တောင်သူများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သစ်ထောင့်ကျေးရွာ ကွမ်းစိုက်တောင်သူ ဦးရန်နိုင်ထွန်းက ပြောသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား ပြင်ပ ထွက်ခွာရာတွင် Mask တပ်ဆင်မှုရှိစေရေး Mask Campaign များ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 15,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများအားလုံး ပြင်ပထွက်ခွာချိန်တိုင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရာတွင် မျက်နှာ၊ နှာခေါင်းစည်း Mask များ တပ်ဆင်သွားလာမှု ရှိစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက Mask Campaign များကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပလက်ဝမြို့ရှိ ပျံကျစျေးနှင့် စျေးဆိုင်များအား ရောင်းချချိန် တိုးမြှင့်ခွင့်ပြု
Sep 15,2020
ပလက်ဝမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မစျေးနှင့် အိမ်ဆိုင်များအား သြဂုတ်လ(၂၄)ရက်နေ့မှစ၍ ရောင်းချခွင့် ယာယီပိတ်ထားပြီး မြို့မပျံကျစျေးအား အချိန်အကန့် အသတ်ဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28106
Page
28107
Page
28108
Page
28109
Current page
28110
Page
28111
Page
28112
Page
28113
Page
28114
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department