သာစည် ဇွန် ၁၃
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီး များအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစစ်ငြိမ်းအေး၊ သာစည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌဒေါ်ဝေဝေခိုင်နှင့် ဒုတိယဥက္ကဋ္ဌဒေါ်လဲ့ဝင်းဖြူသန့်နှင့် ဒုတိယဦးစီးမှူးများက တက္ကသိုလ် အဆင့် ကျောင်းသား/သူ ၇ ဦး၊ အထက်တန်းအဆင့်ကျောင်းသား/သူ ၇ ဦး၊ အလယ်တန်း အဆင့်ကျောင်းသား/သူ ၁၅ ဦးနှင့် မူလတန်းအဆင့်ကျောင်းသား/သူ ၂၅ ဦးတို့အား ပညာသင် စရိတ်ထောက်ပံ့ငွေများပေးအပ်သည်။ ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ရာတွင် တက္ကသိုလ် အဆင့် တစ်ဦးလျှင် ငွေကျပ်၂၅၀၀၀၊ အထက်တန်းအဆင့် တစ်ဦးလျှင်ငွေကျပ် ၂၀၀၀၀၊ အလယ်တန်းအဆင့်တစ်ဦးလျှင် ငွေကျပ် ၁၅၀၀၀နှင့် မူလတန်းအဆင့်တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှုန်း ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဝန်ထမ်းသား/သမီးများ တက်ရောက်ခဲ့ကြောင်းသိရသည်။
(မြို့နယ်)ပြန်/ဆက်