သတင်းများ

ရန်ကင်းမြို့နယ်ရှိ ရပ်ကွက်လမ်းထိပ်အဝင်ဝများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask မတပ်ဆင်သူများအား စောင့်ကြည့်ခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်
Sep 15,2020
ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်ပြန့်ပွားမှု များပြားလာမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်ရှိ ရပ်ကွက်လမ်းထိပ်အဝင်ဝများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် Mask မတပ်ဆင်သူများအား စောင့်ကြည့်ခြင်းနှင့် အသိပညာပေးခြင်းကို နေ့စဉ် နေ့တိုင်း ရန်ကင်းမြို့နယ်ရပ်ကွက်များ အတွင်းရှိ လမ်းများတွင် ဆောင်ရွက်လျက်ရှိသည်။
ကမာရွတ်မြို့နယ်အတွင်းရှိ Quarantine Center များနှင့် လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန် PPE ဝတ်စုံ၊ Dettol ပိုးသတ်ဆေး၊ Mask များ လာရောက်လှူဒါန်း
Sep 15,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာတွင် ကမာရွတ်မြို့နယ်အတွင်းရှိ Quarantine Center များနှင့် လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရန်အတွက် Unlimited Channel Co.Ltd(UC) မိသားစုမှ PPE ဝတ်စုံ (၁၀)စုံ၊ Dettol (၅၀)ဗူးတို့ကို ယမန်နေ့နေ့လယ်(၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးသို့ လာရောက် လှူဒါန်းခဲ့သည်။ အလားတူ (AIMI TV) မိသားစုမှလည်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် Mask (၁၅၀၀)ခုအား လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့ မဟာမြတ်မုနိဘုရားကြီးလမ်းကို ဈေးရပ်ကွက်ပြည်သူများပူးပေါင်း၍ ကွန်ကရစ်လမ်းခင်း
Sep 15,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ဈေးရပ်ကွက် ပြည်သူများ ပူးပေါင်း၍ မဟာမြတ်မုနိဘုရားကြီးလမ်းကို ယနေ့နံနက် (၉)နာရီအချိန်ခန့် က စတင်၍ ကွန်ကရစ်လမ်းခင်းခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျိုက်လတ်၌ CERP အစီအစဉ်အရ ပရဟိတဂေဟာများသို့ ထောက်ပံ့ငွေများပေးအပ်
Sep 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP)အစီအစဉ်အရ ပညာဝတီအမျိုးသမီးဘဝမြှင့်တင်ရေးဂေဟာတွင် ယမန်နေ့ နံနက် ၉ နာရီ ၌ ပရဟိတဂေဟာ များသို့ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
မြစ်သားမြို့နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်
Sep 15,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကိုဗစ် − ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ အမိန့်အမှတ် (၁၁/၂၀၂၀) ကို ယမန်နေ့ရက်စွဲဖြင့် ညမထွက်ရအမိန့်အား ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။
နာဂဒေသ၊ လဟယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက စားသောက်ဆိုင်၊ လဖက်ရည်ဆိုင်များအား စစ်‌ဆေး
Sep 15,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်ရေး အရေးပေါ် တုံ့ပြန်ရေးကော်မတီက လဟယ်မြို့ပေါ်၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော
ကဝမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ
Sep 15,2020
ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင် ၊ ကဝမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အစည်းအဝေး ခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။
တန့်ယန်းမြို့နယ် မိုင်းကောင်ကျေးရွာတွင် Mask၊ Face Shield နှင့် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Sep 15,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၊ မိုင်းကောင်ကျေးရွာတွင် မြို့နယ်အရန်မီးသတ် တပ်ရင်းက အလှူရှင်၊ စေတနာရှင်ပြည်သူများနှင့် ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် Mask၊ Face Shield နှင့် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈ နာရီ က ပူးပေါင်းဆောင်ရွက် ခဲ့ကြသည်။