သတင်းများ

ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ
Jun 14,2021
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊အဖွဲ့ဝင်များနှင့်ပြည်နယ်အဆင့် ဌာနဆိုင်ရာများသည် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့စီမံအုပ်ချုပ်ရေးခန်းမတွင် “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ခရိုင်၊ မြို့နယ်အဆင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များနှင့်တွေ့ဆုံရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်က ဒေသဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက အဖွင့် အမှာစကားပြောကြားပြီး “ဝ”ကိုယ်ပိုင်အုပ်ချုပ်ရတိုင်းအတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ဆိုလာ မီးလင်းပစွည်းနှင့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များသို့ ငွေကျပ်(၁၀)သိန်းစီကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ထောက်ပံ့ပေးအပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များမှ အသီးသီးလက်ခံရယူကြောင်းသိရသည်။
နတ်မောက်မြို့ ဈေးရပ်ကွက်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းပြုလုပ်ပေး
Jun 14,2021
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီး ဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသား စိစစ်ရေးကတ်မရရှိသေးသည့် ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ယမန်နေ့ နံနက် (၉)နာရီအချိန်ခန့်က နတ်မောက်မြို့‌ဈေးရပ်ကွက်သို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
ငဖဲမြို့နယ် ပဒါန်းကျေးရွာတွင် နှာခေါင်းစည်း (Mask) များတပ်ဆင်သွားလာသည့်အလေ့အထများ ဖြစ်စေ ရန် Mask Campaign ဆောင်ရွက်
Jun 14,2021
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်ငဖဲမြို့နယ် ပဒါန်းကျေးရွာတွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ် နိုင်ရေး၊ ကူးစက်ပျံ့ပွားမှုမရှိစေရေး အတွက်ပြည်သူများအပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာသည့်အလေ့အထများဖြစ်စေရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် သော စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်သွားလာကြရန်ကျန်းမာရေးအသိပညာပေးခြင်း Mask Campain ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇ နာရီက ပဒါန်းကျေးရွာစည်ပင်သာယာစျေးနှင့် စျေးရှေ့တို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ပါဠိပထမပြန်စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်းသဘင်နှင့် အောင်လက်မှတ် ဆက်ကပ် ပွဲ အခမ်းအနားကျင်းပ
Jun 14,2021
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်၏၂၀၂၀ပြည့်နှစ်၊ အစိုးရဓမ္မစရိယနှင့်ပါဠိပထမပြန် စာမေးပွဲတွင်အောင်မြင်ခဲ့သည့် ပါဠိပထမပြန်စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်းသဘင် နှင့် အောင်လက်မှတ် ဆက်ကပ်ပွဲ အခမ်းအနားကျင်းပခြင်းကို ယမန်နေ့ ညနေ (၃:၃၀)နာရီက မြို့နယ် သာသနာ့ဗိမ္မာန်တော်၌ ကျင်းပခဲ့သည်။
မိုင်းယုမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး
Jun 14,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ရှေ့တန်းရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့က ဒေသတွင်း ကွင်းဆင်းကာ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့သည်။
လပွတ္တာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါဠိပထမပြန် စာဖြေသံဃာများ အားစာအောင် လက်မှတ်နှင့် စာအောင်ချီးမြှင့်ငွေများဆပ်ကပ်လှူဒါန်း
Jun 14,2021
ဧရာဝတီတိုင်းဒေသကြီး ၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ် အောင်တော်မူတန်ဆောင်းကြီးတွင် ၂၀၂၀ပြည့်နှစ် ပါဠိပထမပြန် စာဖြေသံဃာများအား စာအောင်လက်မှတ်နှင် စာအောင် ချီးမြှင့်ငွေများ ဆပ်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နေ့လည် ၁၂း၀၀နာရီ အချိန်က ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကိုင်းကြီး(ရခိုင်)ကျေးရွာ၌ “သဒ္ဓမ္မဇေယျရံသီ” စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူ ပူဇော်ပွဲ နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲ အခမ်းအနားကျင်းပပြုလုပ်
Jun 14,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး ၊ ကွပ်ကဲရေးမှူး ရဲမှူးချုပ် ထက်လွင် ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့် စေတနာရှင်ပြည်သူများ စုပေါင်း လှူဒါန်း အပ် သော ကိုင်းကြီး(ရခိုင်)ကျေးရွာ၌ “သဒ္ဓမ္မဇေယျရံသီ” စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲ အခမ်းအနား ကို သာသနာတော်နှစ် ၂၅၆၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၃ ခုနှစ် ၊ နယုန် လ ဆန်း ၄ ရက် ၊ ခရစ်သက္ကရာဇ် ၂၀၂၁ ခုနှစ် ဇွန် ၁၃ ရက်( ယမန်နေ့) နံနက် ၉ နာရီအချိန် က အဆိုပါ ဘုန်းတော်ကြီး ကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့သည်။