ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး Community Center ၌ စာဖတ်ဝိုင်းပြုလုပ်

ပြည် ဇွန် ၁၃

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ခေတ္တရာမြို့သစ်(၁၀)လမ်းထိပ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်ခရိုင်ရုံး Community Center၌ ယနေ့ မွန်းလွဲ ၁ နာရီက စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ "ရွှေရောင်လွှမ်းတဲ့အခွင့်အလမ်း" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းကို ဝန်ထမ်းများစာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာ ဗဟုသုတများ တိုးပွားရရှိစေရန် ရည်ရွယ်ချက်တို့ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရပြီး စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး ဦးအောင်ကိုသန့်နှင့် ပြည်ခရိုင်(၆)မြို့နယ်မှ ပြန်/ဆက်ဦးစီးမှူးများနှင့် ဝန်ထမ်းများက စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် ရွှေရောင်လွှမ်းတဲ့ အခွင့်အလမ်း စာအုပ်တွင် ပါဝင်သော "နားရှင်းပါစေ၊ သင့်အတွေးဟာသင်ပါပဲ၊ အောင်မြင်ချင်တယ်ဆိုရင်၊ ကြိုတင်ပြင်ဆင်မှု" စသည့်‌  ခေါင်းစဉ်ပါ အသိပညာပေး အကြောင်းအရာများကို အပြန်အလှန် ဖတ်ကြားမျှဝေ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုဆက်(ပြည်)