ဘုရားသုံးဆူမြို့တွင် ၂၀၂၁ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

ဘုရားသုံးဆူ ဇွန် ၁၃

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ၂၀၂၁ ခုနှစ်၊အစိုးရပါဠိပထမပြန်စာမေးပွဲကို ဇွန်လ ၇ ရက်နေ့မှ ဇွန်လ ၁၃ ရက်နေ့အထိ  ဓမ္မဟေဝန် (ဘက) ကျောင်း၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲကို ဘုရားသုံးဆူမြို့ ရပ်/ကျေး သံဃနာယက တိုင်တစ်ရာကျောင်း ဆရာတော်ဘဒ္ဒန္တဓမ္မဓဇ ဦးဆောင်၍ ကြီးကြပ်ဆရာတော် (၇) ပါးဖြင့် ဆောင်ရွက်ခဲ့ပြီး စာဖြေသံဃာတော်များ အနေဖြင့် အကြီးတန်း (၄)ပါး၊ အလတ်တန်း (၈)ပါး၊ အငယ်တန်း (၁၄)ပါး၊ အခြေပြုမူလတန်း (၃၀)ပါး၊ စုစုပေါင်း (၅၆)ပါးရှိပြီး ၂၀၂၁ ခုနှစ်၊ အစိုးပါဠိပထမပြန်စာမေးပွဲတွင် စာဖြေသံဃာ (၄၄)ပါး၊ ပျက်ကွက် (၁၂)ပါး ရှိခဲ့ကြောင်း၊ ယနေ့ ဇွန်လ ၁၃ ရက်နေ့တွင်  နောက်ဆုံးစာမေးပွဲအနေဖြင့် စာဖြေသံဃာများ အေးချမ်းစွာ ဖြေဆိုနိုင်ခဲ့ပြီး စာမေးကိုအောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း  ဘုရားသုံးဆူမြို့ သာသနာရေး ဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးစိုင်းအောင်ကိုကိုဦးထံမှ သိရသည်။

ဘုရားသုံးဆူ (ပြန်/ဆက်)