သတင်းများ

စစ်တောင်းမြစ်ဝှမ်းတစ်လျှောက် အစေ့ထုတ်ပြောင်း စိုက်ပျိုးသူများ စျေးကွက်ကောင်းမွန်ရန် မျှော်လင့်နေ
Sep 15,2020
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အတွင်းရှိ ဇေယျသိမ်၊ ရဲကုန်း၊ ဘုရားကုန်း၊ မြို့လှကျေးရွာ အုပ်စုများတွင် အစေ့ထုတ်ပြောင်းမျိုးများ စိုက်ပျိုးကြပြီး လက်ရှိပြောင်းပေါ်ချိန်၌ ကိုဗစ်-၁၉ ကာလ စျေးကွက်ဝယ်လိုအား နည်းပါး၍ စျေးနှုန်းများကျ ဆင်းလျက်ရှိရာ စိုက်ပျိုးထားသည့် တောင်သူများ အနေဖြင့် စျေးကွက်ကောင်းမွန်ရန် မျှော်လင့်နေကြ ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်တွင် မိုးစပါး မျိုးစေ့ထုတ်တောင်သူ များအား ဒုတိယအကြိမ်ထောက်ပံ့ငွေများပေးအပ်
Sep 15,2020
ရေတာရှည်မြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား စိုက်ပျိုးရေးဦးစီး ဌာနမှ  Covid-19 ကာလ စီးပွားရေးကုသမှုအစီအစဉ် CERP အရ ဒုတိယအကြိမ်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အလှူငွေနှင့် နှာခေါင်းစည်းများ လှူဒါန်း
Sep 15,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အလှူငွေနှင့် နှာခေါင်းစည်းများ လှူဒါန်းပွဲကို ယနေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ငါန်းဇွန်မြို့၌ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 15,2020
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ညမထွက်ရ အမိန့်အား ပြည်သူများသိရှိ လိုက်နာစေရန် အသိပေး နှိုးဆော်
Sep 15,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလ အတွင်း ညမထွက်ရ ထုတ်ပြန်ခြင်း အမိန့်ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက
သနပ်ပင်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 15,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်   နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲကို  စက်တင်ဘာ ၁၅ ရက်နေ့ နံနက် ၁၀နာရီ အချိန်တွင် သနပ်ပင်မြို့နယ် အထက တောင်ဘက်ကမ်းကျောင်း၌   အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနက  ချမှတ်ထားသောစည်းကမ်းချက်များနှင့် အညီဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြစ်သားမြို့နယ်တွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းကာ ကျွဲ၊ နွား ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Sep 15,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျေးရွာများသို့ကွင်းဆင်းကာ ကျွဲ၊ နွား ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေးများကို ယမန်နေ့မှစ၍ လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရမည်းသင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ဝန်ထမ်းများအား နှာခေါင်းစည်း၊ လက်ဆေးဆပ်ပြာခဲနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်
Sep 15,2020
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့ပူးပေါင်း၍ ခရိုင်ပြန်/ဆက်ဝန်ထမ်းအား (Mask) နှာခေါင်းစည်း၊ လက်ဆေးဆပ်ပြာခဲများနှင့် ကြက်ဥတို့ကို ယနေ့နံနက် ၉နာရီခွဲက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။