နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀ ဦး နမ့်စန်မြို့မှ ဖြတ်သန်း၍ တောင်ကြီးမြို့သို့ ဆက်လက်ထွက်ခွာ

နမ့်စန်(တ) ဇွန် ၁၇

ထိုင်းနိုင်ငံတွင် သွားရောက်နေထိုင် အလုပ်လုပ်ကိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံ၍ ပြစ်ဒဏ်စေ့ကာ နေရပ်အသီးသီးသို့ ပြန်လာကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့နယ်သို့ ယမန်နေ့  နံနက် ၁၁ နာရီ အချိန်တွင်  ရောက်ရှိခဲ့ကြကြောင်း သိရသည်။

မော်တော်ယာဉ် ၁ စီးဖြင့် ရောက်ရှိဖြတ်သန်းလာသော နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမား ကျား (၁) ဦး၊ မ (၉) ဦး စုစုပေါင်း(၁၀) ဦးကို မြို့နယ်မှတာဝန်ရှိသူများက  အမှတ်(၂)ရပ်ကွက် မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ကြိုဆိုခဲ့ကြသည်။

ထို့နောက် နမ့်စန်မြို့ဆင်း ခရီးသည် မပါရှိသည့်အတွက်  အဆိုပါခရီးသည်များမှာ နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် တောင်ကြီးမြို့သို့ ဆက်လက် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်