ရွှေပြည်သာ ဇွန် ၁၇
ပြည်သူများ စာဖတ်သည့်အလေ့အကျင့်များရရှိပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စဉ်းစားဆင်ခြင်နိုင်သည့် အတွေးအခေါ်များ ရှိလာစေရန် ရည်ရွယ်၍ ရွှေပြည်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၁၀နာရီအချိန်က ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် Youth Club အဖွဲ့ဝင်မအေးမြဖြူက စာရေးဆရာ လယ်တွင်းသားစောချစ် ၏ " ပန်းလိုချင် အပင်ကိုပျိုးတတ်မှ " စာအုပ်တွင် စာရေးသူက " နုနုနယ်နယ် ရင်သွေးငယ်ကလေးများကို ကျန်းမာ ပျော်ရွှင်သော သားကောင်းရတနာ၊ သမီးကောင်း ရတနာကလေးများ ဖြစ်လာစေရန် ပြုစုပျိုးထောင်ရေးနှင့် ပတ်သက်၍ လက်ဦးဆရာဖြစ်သည့် မိဘများအပြင် ဆရာ၊ ဆရာမများကလည်း ကလေးငယ်များကို ပဲ့ပြင်ဆုံးမရာတွင် အပြစ်တင်ခြင်း၊ ရှုတ်ချခြင်းများ မပြုလုပ်ဘဲ ကလေးနားလည်လွယ်သည့် စကားများဖြင့် ပြောဆိုဆက်ဆံပေးတတ်စေရန်ကို စာရေးသူက မိမိ၏ အတွေ့အကြုံ၊ အတွေးအခေါ်နှင့် သဘောထားများ ကို စိတ်ဝင်စားဖွယ် စုံစုံလင်လင်တင်ပြထားပြီး စာအုပ်တွင်ပါဝင်သော အကြောင်းအရာများကို အချင်းချင်း အပြန်အလှန်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
အေးမိုး