ညောင်ဦးမြို့၌ ရွေးကောက်ပွဲဆိုင်ရာဆင့်ပွားသင်တန်းအား (၂) နေရာခွဲ၍ဖွင့်လှစ်
Sep 16,2020
(၁၀၇) မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာဆင့်ပွားသင်တန်းကို ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အနော်ရထာခန်းမနှင့် မြို့နယ်ကော်မရှင်ရုံး အစည်းအဝေးခန်းမတို့၌ (၂) နေရာခွဲ၍ ယမန်နေ့ နံနက် ၈ နာရီခွဲက ဖွင့်လှစ်ပို့ချခဲ့ကြောင်း ညောင်ဦးမြို့ နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးထံမှ သိရသည်။