သတင်းများ

သံတောင်ကြီးမြို့နယ် ပျားစခန်းကျေးရွာတွင် ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Sep 15,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပျားစခန်းကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူတစ်ဦး တွေ့ရှိလာသည့်အတွက် ဒေသခံပြည်သူများ အသိသတိရှိစွာ နေထိုင်သွားလာစေရန်နှင့် ကိုဗစ်-၁၉ရောဂါ အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်နှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီတို့က အသိပညာပေးလုပ်ငန်းများကို ပျားစခန်းကျေးရွာ ဘုရားကျောင်းခန်းမတွင် ပြလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်မြို့၌ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ညမထွက်ရန်အမိန့် ထုတ်ပြန်
Sep 15,2020
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ညမထွက်ရန်အမိန့် ထုတ်ပြန်ခြင်းကို ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက သိရသည်။
ဆွမ်ပရာဘွမ်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 15,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခန့်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကျင်းပပြုလုပ် ခဲ့သည်။
ရွာငံမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 15,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီ က ရွာငံမြို့၊ ဗထူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကလေးအလုပ်သမား ပပျောက်ရေး ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ပေး မြေစိုက်ပိုစတာစိုက်ထူဆောင်ရွက်
Sep 15,2020
မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေး လုပ်ငန်းဆပ်ကော်မတီ၏ ကြီးကြပ်မှုဖြင့် ကလေးအလုပ်သမား ပပျောက်ရေး ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ပေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို မကွေးမြို့ ဗိုလ်ချုပ်လမ်းနှင့် ပြည်တော်သာလမ်းထောင့်၌ ယမန်နေ့ နံနက် ၈ နာရီက စိုက်ထူခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ မကွေးတိုင်းဒေသကြီး ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ ထုတ်ဝေသည့် အလင်းတန်း ပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ ခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ် မြို့ဝင်/မြို့ထွက်၌ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး စစ်ဆေး
Sep 15,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့ဝင်/မြို့ထွက်၌ ခရီးသွားပြည်သူများအား ခရီးသွားထောက်ခံချက် ပါ/မပါ စစ်ဆေးခြင်း၊ ခရီးသွားရာဇ၀င်ကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် နှာခေါင်းစည်းများတပ်ဆင်လာခြင်း ရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များမှ ယနေ့နံနက် (၉)နာရီက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လပွတ္တာမြို့နယ်အတွင်းရှိ မသန်းစွမ်းသူများအား အိမ်တိုင်ရာရောက်​ ထောက်ပံ့ငွေများ ပေးအပ်
Sep 15,2020
ဧရာဝတီတိုင်း​ဒေသကြီး လပွတ္တာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လပွတ္တာမြို့နယ် အတွင်းရှိ မသန်စွမ်းသူများအား ကိုဗစ် - ၁၉ ကာလ စီးပွားရေး ကုစားမှုအစီအစဉ်အရ ယနေ့နံနက်ပိုင်း က တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် အိမ်တိုင်ရာရောက်အဖွဲ့ဖြင့် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်-လှိုင်းဘုန်း-သစ်ပုတ်-ကွင်းပေါက်-ပြင်စလူ ကားလမ်းဖောက်လုပ်ခြင်း လုပ်ငန်းတွင် ပါဝင်သော လယ်ယာမြေလျော်ကြေးပေးချေခြင်း ဆောင်ရွက်
Sep 15,2020
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ လမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်းတွင် ၂၀၀၈ခုနှစ် နာဂစ်တိုက်ခတ်ခံရပြီးနောက် ဖောက်လုပ်ခဲ့သည့် မော်လမြိုင်ကျွန်း-လှိုင်းဘုန်း-သစ်ပုတ်-ကွင်းပေါက်-ပြင်စလူ ကားလမ်း ဖောက်လုပ်ရာတွင် ပါဝင်သွားသော လယ်ယာမြေများအတွက် လယ်ယာမြေလျော်ကြေး ပေးချေခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲ အချိန်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များ နှင့်အညီလျော်ကြေး ငွေပေးချေခြင်း ဆောင်ရွက်သည်။