သတင်းများ

တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ စောင့်ကြည့်ရေးစင်တာ ပြန်လည်ဖွင့်လှစ်
Sep 15,2020
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကိုဗစ်-၁၉ စောင့်ကြည့်ရေးစင်တာကို စက်တင်ဘာလ ၁၃ ရက်နေ့က ပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်း သိရ သည်။
လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များ လိုက်နာခြင်း ရှိ/မရှိ နေ့ စဉ်စစ်‌ဆေးဆောင်ရွက်
Sep 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးကျော်ထွန်း ဦးဆောင်မှုဖြင့် မြို့နယ်အတွင်း သွားလာသူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာရန် စစ်ဆေးခြင်းများကို ယနေ့နံနက်က လေးမျက်နှာမြို့နယ်အတွင်းရှိ အဝင်/အထွက် စစ်ဆေး ရေးဂိတ်များ၌ နေ့စဉ် စစ်‌ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခန္တီးမြို့တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့စိုက်ထုတ် တောင်သူများကို ထောက်ပံ့ငွေပေးအပ်
Sep 15,2020
COVID-19 Economic Relief Programme အစီစအစဉ်ဖြင့် ဆောင်ရွက်သော ၂၀၁၉-၂၀၂၀ ခုနှစ် မိုးစပါးမျိုးစေ့စိုက်ပျိုးသည့် တောင်သူများကို ယနေ့နေ့လယ်က ခန္တီးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ထောက်ပံ့ငွေများပေးအပ်သည်။
ညောင်ရွှေမြို့နယ်အတွင်းရှိ စပါးစိုက်ခင်းများအတွင်းသို့ ငါးမျိုးများစိုက်ထည့်
Sep 15,2020
ဒေသတွင်းငါးရိက္ခာဖူလုံစေရေး၊ ငါးသယံဇာတပေါကြွယ်ဝစေရေးနှင့် စပါးစိုက်တောင်သူများ စပါးမှရရှိသောငွေအပြင် ငါးမွေးမြူခြင်းမှရရှိသော အကျိုးအမြတ်များဖြင့် တောင်သူဝင်ငွေ တိုးပွားစေရေးတို့ကို ရည်ရွယ်၍ ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ညောင်ရွှေမြို့နယ်အတွင်းရှိ စပါးစိုက်ခင်းများအတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်းကို ယမန်နေ့ညနေပိုင်း က ကတိလောကျေးရွာအုပ်စု၊ ကျော့မောင်ငယ်ကျေးရွာ၊ ညောင်ရွှေ-ရွှေညောင် ကားလမ်းမဘေးရှိ စပါးခင်းများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဈေးများ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်
Sep 15,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဈေးများ၌ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီက မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတ အဖွဲ့များနှင့် ဈေးသူ/ဈေးသားများ ပူးပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
တီးတိန်၌ ရပ်ကွက်/ကျေးရွာအုပ်စု ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းပြုလုပ်
Sep 15,2020
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများအား ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းကို တီးတိန် (မြို့နယ် ပြန်/ဆက်)ရုံး၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၄၀)ဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံပို့ဆောင်
Sep 15,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှ မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှစတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် အမျိုးသား (၁၇)ဦး၊ အမျိုးသမီး (၂၃)ဦး စုစုပေါင်း (၄၀)ဦးတို့ကို ထပ်မံပို့ဆောင် ပေးနိုင်ခဲ့သည်။
မတူပီမြို့၌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မတူပီခရိုင်ဦးစီးမှူးရုံး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကျင်းပ
Sep 15,2020
ချင်းပြည်နယ်၊ မတူပီမြို့၌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မတူပီ ခရိုင်ဦးစီးမှူးရုံး ဆိုင်းဘုတ်တင်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မတူပီမြို့၊ ခိုဘွေရပ်ကွက်၊ မြို့နယ်လဝကရုံး၌ ကျင်းပကြောင်း သိရသည်။