သတင်းများ

မကွေးမြို့ ကားကြီးဝင်းတွင် ကုန်တင်ယာဉ်များ စစ်ဆေးရေးစခန်း ဆောက်လုပ်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး 
Jun 17,2021
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အောက်ထပ်အစည်းအဝေးခန်းမ၌ မကွေးမြို့ ကားကြီး ဝင်းတွင် ကုန်တင်ယာဉ်များ စစ်ဆေးရေးစခန်း ဆောက်လုပ်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပြုလုပ်ဆောင်ရွက်ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင် တက်ရောက် အမှာစကားပြောကြားသည်။ 
သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး
Jun 17,2021
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စည်းဝေးခန်းမ၌ ယမန်နေ့ညနေ ၃ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်
Jun 17,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့ နံနက် (၉)နာရီ အချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆုတွင် ဒုတိယဆုရ ဝိုင်းမော်မြို့အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ရွှေစက်ရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့မှ ထိန်းသိမ်းထားသော မြေနေရာမူလပိုင်ရှင်များထံလွှဲပြောင်းပေးအပ်ပွဲကျင်းပ
Jun 17,2021
၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆုတွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှ ဒုတိယဆုရရှိခဲ့ သဖြင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့မှ ထိန်းသိမ်းထားသော မြေနေရာအား မူလပိုင်ရှင်ဖြစ် သည့် ကရိန်နော်မိသားစုထံ ပြန်လည်ပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ ၁၅ ရက် မွန်းလွဲ (၁)နာရီခွဲ တွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ကျောက်ဆည်မြို့၌ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးစိုက်ဧက (၅၂,၇၉၉)ဧက စိုက်ပျိုးသွားမည်
Jun 17,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၁-၂၀၂၂-ခုနှစ် မိုးစပါးစိုက်ဧက (၅၂,၇၉၉)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရပြီး  လျာထားစိုက်ဧကပြည့်မီရေးနှင့် လိုအပ်မှုများမရှိစေရေးအတွက် ယမန့်နေ့နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိ ရှေ့တန်း စိုက်ပျိုးရေးနည်းပညာပေး စခန်းများတွင် စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများ တွေ့ဆုံကာ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်‌နေအိမ်ပျက်စီးခဲ့သော အိမ်‌ထောင်စု ၄ စုအား ထောက်ပံ့ငွေများပေးအပ်
Jun 17,2021
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊  စော်ကဲချောင်းကျေးရွာအုပ်စု၊ မမှိုဥချောင်းကျေးရွာ၊ ဗြန့်ကြီးအုန်းပင်စု ဖျကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာနှင့် မရမ်းကျေးရွာအုပ်စု၊ တောင်ပို့ကုန်း ကျေးရွာတို့၌ ဇွန်လ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးခဲ့သည့်အိမ်ထောင်စု ၄ စုမှ  ဘေးသင့်ပြည်သူ ၁၄ ဦး အတွက်  ထောက်ပံ့‌ငွေများပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌  ထောက်ပံ့ပေးအပ်ခဲ့သည်။
မိုင်းယောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေး
Jun 17,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုအထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jun 17,2021
၂၀၂၁ခုနှစ် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ၄ ခရိုင် အသက် ၂၅ နှစ်နှင့် အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ ညနေ ၃ နာရီက ရန်ကုန် အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။