ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြို့နယ်များတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ ဓာတ်အားသုံးစွဲနိုင်ရေး ဆောင်ရွက်

ကျိုင်းတုံ ဇွန်  ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးလက်အောက်ရှိ မြို့နယ်ရုံးများက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး အတွက် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း စီမံချက်အရ မြို့နယ်များတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့ပေါ်၌ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်သည့် ရပ်ကွက်များတွင် ဇွန်လ ၃၊ ၆၊ ၁၅၊ ၁၇၊ ၂၀၊ ၂၃ ရက်များ၌  မွန်းလွဲပိုင်းတွင် အချိန်ပိုင်း ဓာတ်အား ပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်များတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဇွန်လအတွင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့် (ပြန်/ဆက်)