သရက်ချောင်း ဇွန် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြ သည်။
၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း သရက်ချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီး ဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် ထားသည့် လုပ်ငန်းများဖြစ်သော မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး အဆောက်အဦ RC(၂)ထပ်(၃၆×၄၈×၂၃)ပေ တည်ဆောက် နေမှုအား လည်းကောင်း၊ ချောက်ချောင်းကျေးရွာ ဥယျာဉ်ခြံ ကုန်ထုတ်လမ်း (၁)မိုင် (၂)ဖာလုံ အားလည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) စီမံကိန်းဖြင့်ဆောင်ရွက်နေသည့် သိမ်ကုန်းကျေးရွာ ချောင်းကျောက်ခင်းခြင်းလုပ်ငန်း (၀/၃)မိုင်နှင့် ကျွဲဇပ်ကျေးရွာ ရွာအတွင်းလမ်း ကွန်ကရစ်လမ်းခင်း ခြင်း(၀/၁)မိုင် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲခေါင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးသင်းမင်းလတ်၊ ခရိုင်ဦးစီးမှူး ဦးစိုးလင်း၊ မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။