သတင်းများ

ခိုလမ်မြို့ ကုတင်(၁ဝဝ) ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်း
Sep 15,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့ရှိ ကုတင်(၁ဝဝ) ပြည်သူ့ဆေးရုံသို့ Access To Health Marie Stopes Myanmar (NGO) မှ ယ​နေ့ နေ့လယ် (၁၂) နာရီ အချိန်က ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်နိုင်ရေးအတွက် (Face Mask )(၁၀၀) ဗူး ( ၅၀၀၀) ခု ၊ Hand Sanitizer (500ml) (၃၀) ဗူး ၊ Exam Glove (၁၀) ဗူး နှင့် Hand Wash (530 ml) (၃၆) ဗူး စသည့် အထောက်အကူပြုပစ္စည်းများအား လာရောက်လှူဒါန်းခဲ့ပါသည် ။
မိတ္ထီလာ၌ အပြင်ထွက်သွားလာသူများ နှာခေါင်းစည်း တပ်ဆင်သွားလာမှုများပြားလာ
Sep 15,2020
မိတ္ထီလာ၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှုဖြင့် နှာခေါင်းစည်းတပ်ဆင်မှု ရှိ၊ မရှိ ရှောင်တခင်စစ်ဆေးခြင်း၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်စေတနာရှင်များပူးပေါင်း၍ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေအသိပညာပေးခြင်းများကြောင့် အပြင်ထွက်သွားလာသူများအနေဖြင့် နှာခေါင်းစည်းများ တပ်ဆင်သွားလာမှု များပြားလာကြောင်း သိရသည်။
သုံးခွမြို့၌ ပြည်သူများ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်
Sep 15,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်သုံးခွမြို့နယ် လူစည်ကားရာနေရာများတွင် ပြည်သူ များ ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးအသိပညာပေး ခြင်းနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့မ‌ ဈေးနှင့် ရှစ်မျက်နှာဘုရား‌‌ရှေ့တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူ့စာကြည့်တိုက်၌ Online အစီအစဉ်ဖြင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Sep 15,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စက်တင်ဘာ(၉) ရက်နေ့ နံနက်ပိုင်းမှစတင်၍ စာအုပ်/စာစောင်များ ငှားရမ်းခြင်းကို ခေတ္တယာယီ ပိတ်ထားကြောင်း သိရသည်။
လပွတ္တာ၌ စျေးသူ/စျေးသားများနှင့် စျေးဝယ်သူများအား အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Sep 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် စည်ပင်သာယာရေး နယ်နမိတ်အတွင်း စျေးသူ/ စျေးသားများနှင့် စျေးဝယ်သူများအား အသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၇ နာရီအချိန့်က နန္ဒဝန်စျေး ၊ ရေပေါ်စျေး ၊ အမှတ် (၁) ရပ်ကွက်စျေး တို့တွင် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ရပ်ကွက်/​ကျေးရွာအုပ်စု​ ရွေး​ကောက်ပွဲ​ကော်မရှင် အဖွဲ့ခွဲများ ​ရွေး​ကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းဖွင့်လှစ်
Sep 15,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မြို့နယ်​ရွေး​ကောက်ပွဲ​ကော်မရှင် အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာ အုပ်စု​ ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲများ ​ရွေး​ကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းကို ယနေ့ နံနက်(၉)နာရီ အချိန်က အဆိုပါ ရုံးအစည်းအ​ဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
သီပေါမြို့နယ်ရှိ မြို့ပေါ်နှင့် ကျေးရွာများတွင် မြေမြှုပ်မိုင်းအန္တရာယ် အသိပညာပေးပိုစတာများ စိုက်ထူခြင်းနှင့် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ရွေ့လျားအသိပညာပေးခြင်း ဆောင်ရွက်
Sep 15,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကြက်ခြနီအသင်းခွဲနှင့် နမ့်လန်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သီပေါမြို့ပေါ်နှင့် ကျေးရွာများတွင် မြေမြုပ်မိုင်းအန္တရာယ် အသိပညာပေးပိုစတာများ စိုက်ထူခြင်းနှင့် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ရွေ့လျားအသိပညာပေးခြင်းများကို ယမန်နေ့နံနက်ပိုင်း က ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။