ပြည်မြို့တွင်ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသည့် ပညာရေးဝန်ထမ်းများ အား ပထမအကြိမ် စတင်ထိုးနှံပေး

​ပြည် ဇွန် ၁၆

 

ပဲခူးတိုင်းဒေသကြီး ၊ပြည်မြို့ ဒေသန္တရကျန်းမာရေးဌာနတွင် ကိုဗစ် -၁၉ ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိသောပညာရေးဝန်ထမ်းများအား ဇွန်၁၅ရက်ကစတင်၍ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm)ထိုးနှံ​ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

 

အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် သူနာပြုများက စာရင်းများကောက်ယူခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်း များ ပြုလုပ်၍ ကာကွယ်ဆေးတစ်လုံးလျှင် ၁ဦးနှုန်းဖြင့် ပညာရေးဌာနမှ ဆရာ/ဆရာမ   စုစုပေါင်း(၃၇၃) ဦးကို ထိုးနှံပေးခဲ့ပြီး ယင်းပညာရေးဝန်ထမ်း (၃၇၃)ဦးအား နောက်(၄)ပတ်အကြာတွင် ဒုတိယအကြိမ်ကာကွယ်ဆေး ထပ်မံထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။