မိုင်းယောင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

မိုင်းယောင်း ဇွန် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူနှင့် အဖွဲ့ဝင်များ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဟန်ရီထွန်း၊ မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေး ကော်မတီဝင်များသည် ယမန်နေ့ နံနက်ပိုင်းက မိုင်းယောင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည် မိုင်းယုမြို့ အခြေခံပညာအထက်တန်း ကျောင်း၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး လုံခြုံရေး၊ သင်ကြားရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးမှာကြားကာ ကျောင်းဝင်းအတွင်း လိုက်လံကြည့်ရှုခဲ့ကြသည်။

ထို့နောက် မိုင်းယုမြို့ နမ့်ဖွန်ချောင်း(ဒွန်းနွဲ့တံတား) ချောင်းဖြောင့်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ မိုင်းယောင်းမြို့ နမ့်ပုံးရေလွှဲဆည်အထက်ပိုင်း ရေစီးရေလာကောင်းမွန်ရေးနှင့် ရေလမ်းကြောင်း တည်ငြိမ်မှန်ကန်ရေး၊ သံသောင်ခုံများ ရှင်းလင်းတူးဖော်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း