လဲချားမြို့၌ Mask Campaign ဆောင်ရွက်

လဲချား ဇွန် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နေ ပြည်သူများ ကိုဗစ် -၁၉ ရောဂါကူးစက်မှု အန္တရာယ်မှ ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် (၇)နာရီအချိန်က  မြို့မစျေးတွင် ဆောင်ရွက်ခဲ့သည်။

လဲချားမြို့နေပြည်သူများ ကိုဗစ် -၁၉ ရောဂါကူးစက်မှု အန္တရာယ်မှ ကာကွယ်နိုင်ရန်၊ မဖြစ်မနေ အိမ်အပြင်ထွက်ပါက (Mask)ကို စနစ်တကျတပ်ဆင်သွားလာကြရန် ယခုကဲ့သို့ Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမြင့်ဝေနှင့်ဝန်ထမ်းများ၊မြို့နယ် ကျန်းမာရေးဌာန၊ မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ လူစည်ကားရာ မြို့မစျေး၊ ပျံကျစျေး၊ ကားဂိတ်၊ စျေးရောင်း/စျေးဝယ်များအား Mask (၃၀၀၀)ခု၊ Face Shield (၅၀၀)နှင့် လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်