သတင်းများ

ညောင်ဦးမြို့၌ ရွေးကောက်ပွဲဆိုင်ရာဆင့်ပွားသင်တန်းအား (၂) နေရာခွဲ၍ဖွင့်လှစ်
Sep 16,2020
(၁၀၇) မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာဆင့်ပွားသင်တန်းကို ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အနော်ရထာခန်းမနှင့် မြို့နယ်ကော်မရှင်ရုံး အစည်းအဝေးခန်းမတို့၌ (၂) နေရာခွဲ၍ ယမန်နေ့ နံနက် ၈ နာရီခွဲက ဖွင့်လှစ်ပို့ချခဲ့ကြောင်း ညောင်ဦးမြို့ နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးထံမှ သိရသည်။
တံတားဦးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အထူးရဲ ၂၀၄ ဦး ခန့်အပ်မည်
Sep 16,2020
၂၀၂၀ ပြည့်နှစ် နိုင်ဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တံတားဦးမြို့နယ်အတွင်းရှိ မဲရုံများတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ရန် ရွေးကောက်ပွဲအတွက် အထူးရဲ ၂၀၄ ဦး ခန့်အပ်တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ် ရဲဖွဲ့မှူး ရဲမှူး အေးနိုင်ဦးထံမှ သိသည်။
လိပ်သိုမြို့တွင် ဂရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS) တောင်ငူမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တုံ့ပြန်ရေးပစ္စည်းများလှူဒါန်း
Sep 16,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် တောင်ငူမြို့ ဂရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS) မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးတုံ့ပြန်ရေးစီမံချက်အရ လိုအပ်သည့်အသုံးအဆောင်ပစ္စည်းများကို ယမန်နေ့နေ့လယ်ပိုင်းက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်တွင် Lock Down အသွားအလာကန့်သတ်နေထိုင်သူ အိမ်ထောင်စုများအား (Team KG) မှ အစားအသောက်နှင့် ရေသန့်ဘူးများ လှူဒါန်း
Sep 16,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများ ဖြစ်ပေါ်နေခဲ့ရာ အဆိုပါပိုးတွေ့လူနာ များနှင့် ထိတွေ့ဆက်ဆံမှုရှိခဲ့ သူများကို မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီက မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားခြင်းများ မဖြစ်ပေါ် စေရေး၊ ကာကွယ်ထိန်းချုပ်နိုင်ရေးတို့အတွက် မိမိတို့ နေအိမ်များတွင် Lock Down အသွားအလာကန့်သတ်ထားရှိ ဆောင်ရွက်လျက်ရှိသည်။
ခရမ်းမြို့အဝင် အထွက်စစ်ဆေး‌ရေးဂိတ်တွင် အလိုအလျောက် အပူချိန်တိုင်းစက်ဖြင့် စစ်ဆေး
Sep 16,2020
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ၊ ခရမ်းမြို့ အဝင်အထွက် စုပေါင်းစစ်ဆေးရေးဂိတ်တွင် အလိုအလျောက် အပူချိန်တိုင်းစက် တပ်ဆင်စစ်ဆေးခြင်းဖြင့် ခရမ်းမြို့သို့ ဝင်ရောက်လာသည့် ခရီးသွားပြည်သူများအား နေ့စဉ်ကိုဗစ်- ၁၉ ရောဂါကြိုတင် ကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း ခရမ်းမြို့နယ်ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ (မြိုနယ်အုပ်ချုပ်ရေးမှူး) ဦးမင်းဆန်းထွန်းထံမှ သိရသည်။
လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချရန် အသိပေးနှိုးဆော်
Sep 16,2020
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်မှု အနေဖြင့် စက်တင်ဘာ ၁၅ ရက်နေ့မှစတင်၍ စားသောက်ဆိုင်များ ဆိုင်ထိုင်ရောင်းချခြင်းမပြုဘဲ ပါဆယ်(Take-Away) စနစ်ဖြင့်သာ‌ ရောင်းချကြရန် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက အသံချဲ့စက်ဖြင့် မြို့နယ်အတွင်း လိုက်လံ အသိပေးနှိုးဆော်‌ လျက်ရှိ‌‌ကြောင်း သိရသည်။
ဖလမ်း၌ ပြည်ပမှ ပြန်လာသူ(၁၃)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိသည့် Facility Quarantine (၁၄)ရက် ပြည့်သူ (၇)ဦးအား နေအိမ်သို့ ပြန်လည်စေလွှတ်
Sep 16,2020
ဖလမ်းမြို့၊ လုံပီးစိုက်ပျိုးရေးသိပ္ပံကျောင်း၌ အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိသည့် ပြည်ပမှပြန်လာသူ(၁၃)ဦး၏ နှာခေါင်း နှင့် အာခေါင်တို့ပတ်(Swab )ကို စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခြင်းမရှိကြောင်းသိရသည်။
ဇလွန်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် နေ့/ည မပြတ် စစ်ဆေးမှုများ ဆောင်ရွက်
Sep 16,2020
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်တွင် ကိုဗစ် −၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ် နိုင်ရေးတို့အတွက် နေ့ / ည မပြတ် ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။