သတင်းများ

ဘားအံ - ဖာပွန်ခရိုင်ချင်းဆက်တံတား ညဘက်မီးလင်းနိုင်ရေးအတွက် ကိုယ်ထူကိုယ်ထ ဆိုလာမီးစုပေါင်းတပ်ဆင်
Jun 16,2021
ကရင်ပြည်နယ် ဘားအံခရိုင်နှင့် ဖာပွန်ခရိုင်ချင်းဆက်သွယ်ပေးထားသည့် မီးဇိုင်း ချောင်းကူးတံတားပေါ်၌ ညဘက်အချိန်တွင်မီးအလင်းရောင်ရရှိစေရန် ရည်ရွယ်၍ ညပိုင်းအလိုလျှောက်လင်းသည့် ဆိုလာစနစ်သုံးမီးလုံးများကို ကမမောင်းမြို့ အုပ်ချုပ် ရေးမှူး ဦးသန်းကျော်သူ ဦးဆောင်မှုဖြင့်ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများစုပေါင်း လူဒါန်းတပ်ဆင်ခဲ့ကြသည်။
ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 16,2021
ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၈/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြဝတီမြို့နယ်အတွင်း မိုးတွင်းကာလတွင် မိုးအစေ့ထုတ်ပြောင်း ၅၀၉၉၅ ဧက စိုက်ပျိုးသွားမည်
Jun 16,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ တောင်သူများသည် မိုးစပါးကို စားသုံးရန်အတွက်သာ စိုက်ပျိုး ကြပြီး မိုးအစေ့ထုတ်ပြောင်းများကို စီးပွားဖြစ်စိုက်ပျိုးကြကြောင်း မြဝတီမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုအပေါ် ထောက်ပံ့ငွေများပေးအပ်
Jun 16,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံ ပျက်စီးဆုံးရှုံးမှုအပေါ် ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ ဖူဆယ်ဘောလုံး ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jun 16,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား၊ အသက်(၂၅)နှစ်အောက်၊ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက်(၇)နာရီက ရွှေကျွန်းလှ ဖူဆယ်ဘောလုံးကွင်း၌ ကျင်းပကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျောင်းများရှိ ဆရာ/ဆရာမများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jun 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်စေရန် ရည်ရွယ် ၍ ကျောင်းများရှိ ဆရာ/ဆရာမများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံခဲ့ကြောင်း သိရသည်။
ငပုတောမြို့၌ ကိုဗစ်-၁၉ရောဂါပိုး တွေ့သည့်လူနာ၇ဦးထိရှိလာပြီဖြစ်
Jun 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့မရဲစခန်းတွင် ချုပ်နှောင်ထားသည့် အချုပ်သားအမျိုးသား ၃၁ဦး ရှိသည့်အနက်မှ အမျိုးသား ၁၂ဦး အား ဒုရဲအုပ်မျိုးသူရကျော် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင် ၅ဦးဖြင့် ယမန်နေ့တွင် ပုသိမ်အကျဉ်းထောင်သို့  ပို့ဆောင်ပြီး  ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးမှုများ  ပြုလုပ်ခဲ့သည်။   
မုဒုံမြို့အတွင်းရှိ စျေးများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး
Jun 16,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်အတွင်းရှိ စျေးများတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန်အတွက် ရွှေဟင်္သာစျေး၌ ယနေ့ နံနက်၉နာရီက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်းသိရသည်။