သတင်းများ

ခိုင်ကမ်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်
Sep 15,2020
ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၁ နာရီက လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show ) ပြုလုပ်ခဲ့သည်။
ကွမ်းလုံမြို့ သံလွင်မြစ်ကူးတံတားသစ် စီမံကိန်းလုပ်ငန်း အတွက် မြေယာ၊ သီးနှံနှင့် အဆောက်အဦများ တတိယအကြိမ် လျော်ကြေးပေးအပ်
Sep 15,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် သံလွင်မြစ်ကူးတံတားသစ် စီမံကိန်းအတွင်း ပါဝင်သွားသော မြေယာ၊ သီးနှံနှင့် အဆောက်အဦ များအား တတိယအကြိမ် လျော်ကြေးများကို ယနေ့ နံနက်(၁၁) နာရီ အချိန်ခန့်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပန်လုံမြို့၌ (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Sep 15,2020
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက် ၇ နာရီအချိန် က ပန်လုံမြို့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်နေမျိုးလတ်နှင့် တပ်ဖွဲ့ဝင်များသည် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ပခုက္ကူခရိုင်အတွင်း Cash for Work စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးအောင်မြင်
Sep 15,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် ပခုက္ကူခရိုင်အတွင်း ကျေးရွာ(၅၄)တွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုး ရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး အောင်မြင်ပြီဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်းရှိ ရဲမှုထမ်းဟောင်းများအား ခရိုင်/ မြို့နယ်အလိုက် အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်
Sep 15,2020
ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၏ အစီအစဉ်ဖြင့် အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်အတွင်းရှိ ရဲမှုထမ်းဟောင်း (၁၆၇)ဦးတို့အတွက် ငွေကျပ်တန်ဖိုး (၃,၂၃၀,၃၀၀) ရှိ အခြေခံစားသောက်ကုန်များကို ယနေ့နံနက် (၁၀) နာရီတွင် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးအပါအဝင် ခရိုင်နှင့် မြို့နယ်များအလိုက် တစ်ပြိုင်နက်တည်း ထောက်ပံပေးအပ်ခဲ့‌‌ကြကြောင်း သိရှိရသည်။
ရပ်စောက်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကျင်းပ
Sep 15,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီ က ရွက်စိမ်းတည်းခိုရိပ်သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အောင်လံမြို့တွင် ညမထွက်ရအမိန့်ထုတ်ပြန်ခြင်းအား မြို့တွင်းလှည့်လည်ကြေညာ
Sep 15,2020
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့တွင် ကိုဗစ်−၁၉ရောဂါကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ညမထွက်ရအမိန့် နှိုးဆော်ခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအားလုံးတွင် ယမန်နေ့ညက လိုက်လံနှိုးဆော်ခဲ့ကြောင်းသိရ သည်။
သိန္နီမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲများ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းပို့ချ
Sep 15,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ အောင်မင်္ဂလာခန်းမ၌ ယနေ့နံနက် (၁၁) နာရီအချိန်ခန့် က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာ၀န်ရှိပုဂ္ဂိုလ်များ က ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းပို့ချသည်။