မိုင်းဆတ်မြို့၌ ညမထွက်ရ အမိန့်ထုတ်ပြန်
Sep 16,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင် ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ယမန်နေ့ ရက်စွဲဖြင့် ညမထွက်ရ အမိန့်အား ထုတ်ပြန်ကြေညာ လိုက် ကြောင်း သိရသည်။