အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ စပါးခင်းများအတွင်း ငါးသားပေါက်ကောင်ရေ(၆)သိန်းကျော်စိုက်ထည့်
Sep 17,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ ငါးသယံဇာတပေါကြွယ်ဝစေရန်နှင့် ကိုဗစ်-၁၉ ကာလအတွင်း ငါးရိက္ခာများ လုံလောက် စွာ စားသုံးနိုင်စေရန် ရည်ရွယ်၍ ငါးသားပေါက်မျိုး စိုက်ထည့်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလအတွင်း စပါးခင်းများ အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၆)သိန်းကျော် စိုက်ထည့်ခဲ့ကြောင်း အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်း တာဝန်ခံ ဒေါ်မိုးသီတာထံမှ သိရသည်။