ဆင်ပေါင်ဝဲ ဇွန် ၁၇
သရက်ခရိုင်၊ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းဖွင့်လှစ်သည့် ရက်မှ ယနေ့ထိ ကျောင်းသား/သူပေါင်း (၈၉၂၅) ဦး တက်ရောက်ပြီး ပညာသင်ကြားလျက် ရှိကြသည်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ဆင်ပေါင်ဝဲမြို့နယ်၌ အခြေခံပညာ အ.ထ.က(၉) ကျောင်း၊ အ.ထ.က(ခွဲ)(၂၉)ကျောင်း ၊အ.လ.က (၃၀)ကျောင်း၊ အ.လ.က(ခွဲ) (၃၁)ကျောင်း၊ မူလွန်(၂၀)ကျောင်း၊ အ.မ.က(၂၄)ကျောင်းနှင့် အ.မ.က(ခွဲ)(၃)ကျောင်း၊ ဘုန်းတော်ကြီး သင်ကျောင်း(၁)ကျောင်း၊ စုစုပေါင်း(၁၄၇)ကျောင်း ဖွင့်လှစ်ကာ ပညာသင်ကြားလျက်ရှိပြီး ယနေ့ထိ မူလတန်း(၅၆၀၁)ဦး၊ အလယ်တန်း(၂၈၅၆)ဦး၊ အထက်တန်း(၄၆၈)ဦး၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၈၉၂၅)ဦး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရ သည်။
အဆိုပါ ကျောင်းများဖွင့်လှစ်သင်ကြားရာတွင် ကိုဗစ်(၁၉)ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်း ချက်၊ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ထားရှိပြီး ကျောင်းလုံခြုံရေးနှင့် ကျောင်း သား၊ ကျောင်းသူများ၏ လုံခြုံရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိ သူများက ပူပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ချိုချိုဝင်း