ရန်ကင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက် ထောက်ပံ့

 

ရန်ကင်း   ဇွန်   ၁၇

ရန်ကုန်အရှေ့ပိုင်းခရိုင်  ရန်ကင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိသော လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့နံနက် ၁၁နာရီအချိန်က ရန်ကင်းမြို့နယ် ခေတ္တမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်ထွန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း  သိရသည်။

 

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ဒုတိယ  (၃)လပတ် (ဇန်နဝါရီ ၊ ဖေဖော်ဝါရီ ၊ မတ်)လ များအတွက် ပေးအပ်ခြင်းဖြစ်ပြီး ဘိုးဘွားတစ်ဦးအား တစ်လလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် (၃)လအတွက် (၃၀၀၀၀)ကျပ်စီ ထောက်ပံ့ပေးအပ်ခြင်း နှင့် မြို့နယ်အတွင်း အသက် (၈၅)နှစ်နှင့်အထက် စုစုပေါင်းသက်ကြီး  ဘိုးဘွား (၅၆၀ ) ဦးရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ သိရသည်။

 

လှလှထွေး