ငါးသိုင်းချောင်းမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show)ဆောင်ရွက်

ငါးသိုင်းချောင်း  ဇွန်  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအ‌‌ခြေပြုဗဟိုဌာန(Community Centre)  ဘက်စုံသုံးခန်းမ၌ ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက  မြို့ပြန်/ဆက်ဦးစီးဌာနနှင့်‌  ရေကြည်မြို့နယ် ကြက်ခြေနီ အသင်းခွဲတို့ ပူးပေါင်း စီစဉ်မှုဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show) အစီအစဉ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ (Talk Show) အစီအစဉ်၌ ရေကြည်မြို့နယ်ကြက်ခြေနီအသင်းခွဲ အလုပ်အမှုဆောင် ဦးအောင်စိုးမြင့်က မြို့နယ်အတွင်းရှိသဘာဝဘေးသင့်ပြည်သူများသို့ ကူညီထောက်ပံ့မှု‌ပေးနေ သည့် အခြေအနေများ၊ မြို့ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ တပ်ခွဲမှူးဦးခင်မောင်သန်းက သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး‌ဆွေးနွေးခြင်း နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၏ ပူးပေါင်း‌ကူညီဆောင်ရွက်ချက်များကို အများပြည်သူ အသိပညာဗဟုသုတရရှိစေရန်နှင့် သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများသိရှိဆောင်ရွက်နိုင်စေရန် ဆွေးနွေးဆောင်ရွက် ခဲ့ကြောင်းသိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)