ပေါက်မြို့နယ်တွင် ယခုနှစ်မိုးရာသီကာလ အရိပ်ရပျိုးပင်ပေါင်း ၃၀၀၀၀ ကျော် အခမဲ့ ဖြန့်ဝေ စိုက်ပျိုးသွားမည်

ပေါက် ဇွန် ၁၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် သဃံဇတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးရာသီ ကာလတွင် သဘာဝပတ်ဝန်းကျင်း ထိန်းသိမ်းရေးအတွက် ဒေသနှင့်ကိုက်ညီမည့် အရိပ်ရပျိုးပင်ပေါင်း ၃၀၀၀၀ ကျော်  စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။ 

ပေါက်မြို့နယ် သစ်တောဉီးစီးဌာနအနေဖြင့် နှစ်စဉ်ဇွန်လနှင့် ဇူလိုင်လများအတွင်း မိုးရာသီသစ် ပင်စိုက်ပွဲများ ကျင်းပဆောင်ရွက်လျက်ရှိရာ အညာဒေသမိုးနည်းရပ်ဝန်းနှင့် ကိုက်ညီသည့်  တမာ၊ ကုက္ကို ကဲ့သို့ ရာသီဥတုဒဏ်ခံနိုင်သည့်အရိပ်ရ နှစ်ရှည်ပင်များကို ပျိုးထောင်ထားရှိပြီး နှစ်စဉ်ဖြန့်ဝေခဲ့ကြောင်း၊ ယခုနှစ်မိုးရာသီကာလအတွင်း ဖြန့်ဝေနိုင်မည့် အပင်များကို အပင်များ ရှင်သန်ကြီးထွားစေရန်နှင့် အပင်များသေပျောက်မှု လျှော့ကျစေရေးအတွက် ပျိုးပင်များကို အမြင့် ၂ ပေနှင့်အထက်ရှိမှသာ ဖြန့်ဝေနိုင်စေရန် စီစဉ်ဆောင်ရွက် ထားရှိကြောင်း ပေါက်မြို့နယ် သစ်တောပျိုးဥယျာဉ် တာဝန်ခံတောအုပ် ဦးကျော်မျိုးလှိုင် ပြောကြားချက်အရ သိရသည်။ 

ယခုနှစ်ပျိုးပင်များဖြန့်ဝေနိုင်ရန်အတွက် ပျိုးထောင်ထားရှိသော အပင်အမျိုးအစားများမှာ တမာ၊ ကုက္ကို၊ ကျွန်း၊ တမာ၊ ယူကလစ်၊ လျှော်ဖြူ၊ မန်ဂျန်၊ ရှား၊ ယင်းမာနှင့် ရေတမာစသည့် ပျိုးပင်ပေါင်း ၃၀၀၀၀ ကျော်အား မိုးရာသီးသစ်ပင်စိုက် ပွဲတော်များ ကျင်းပ၍ စာသင် ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ အဘသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ တပ်ရင်း တပ်ဖွဲ့များနှင့် အများပြည်သူတို့အား အခမဲ့ဖြန့်ဝေ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ​သိရသည်။

ဉာဏ်တိုး​(ပေါက်)