ကျောက်ကြီးမြို့နယ်၌ စီမံအုပ်ချုပ်ရေးအဖွဲ့ ဌာနဆိုင်ရာများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

ကျောက်ကြီး ဇွန် ၁၇        

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၃)စစ်ဗျူဟာ ကျောက်ကြီးတပ်နယ်မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၃)စစ်ဗျူဟာ ကျောက်ကြီးတပ်နယ်မှူးမှ ကျောက်ကြီးမြို့နယ်ရှိ ကျောင်းများတွင် ပညာသင်ယူ နေသော ကျောင်းသူ/သားများအား ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ရပ်ရွာအေးချမ်းသာယာရေး ဆောင်ရွက်ချက်များကို အေးချမ်းစွာဖြင့် လုပ်ကိုင် ဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းမှ ပညာရေးကိစ္စရပ်များကို ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းရေး၊ မိုးရာသီ သစ်ပင်များ စိုက်ပျိုးနိုင်ရေး၊ လမ်းတံတား တည်ဆောက်ရေး လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးအသိ ပညာပေးဆောင်ရွက်ကြရန်နှင့် ဂရုစိုက်သွားလာကြရန်၊ ဌာနဆိုင်ရာများ၊ ကျောင်းများ လုံခြုံရေးအထူးဂရုစိုက်ဆောင်ရွက်ကြရန် လိုအပ် ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများမှ သိလိုသည်များကို မေးမြန်းပြီးသက် ဆိုင်ရာဌာနဆိုင်ရာများမှ အသီးသီးပြန် လည်ဖြေကြားခဲ့ကြောင်း သိရသည်။

K ခိုင်