ကဝမြို့နယ်တွင် ၂၀၂၁ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေး

ကဝ ဇွန် ၁၇ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်အတွင်းရှိ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးခြင်း အခမ်းအနားကို ကဝမြို့နယ် မြန့်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ ခန်းမ၌ ၁၇-၆-၂၀၂၁ ရက်နေ့ နံနက်(၁၁:၀၀)နာရီတွင် ကျင်းပသည်။ အဆိုပါအခမ်းအနားတွင် ကဝမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်အေးသိန်း က တက်ရောက်လာကြသည့် တောင်သူများအား နှုတ်ခွန်းဆက်စကားနှင့် စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးကြမည့် တောင်သူများလိုက်နာကြရမည့် စည်းကမ်းများအား ရှင်းလင်းပြောကြားသည်။ ထို့နောက်ကဝမြို့ အမှတ်(၆) ခမေလေးရပ်ကွက်မှ တောင်သူ(၇၄)ဦး၏ စိုက်ပျိုးမြေ ဧက (၄၉၉) ဧကအတွက် တစ်ဧကလျှင် ၁၅၀၀၀၀နှုန်းဖြင့် ငွေကျပ် (၇၃၅၀၀၀၀၀)ကို ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။