ချောင်းဆုံ ဇွန် ၁၇
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ချောင်းဆုံမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာရှိ ဒေသခံပြည်သူများ မွေးမြူထားသောကျွဲနွားများအား ပေါင်ပုပ်၊ လက်ပုပ် ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် မေထုန်မဲ့သားစပ်ဆေးထိုးပေးခြင်းကို ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ချောင်းဆုံအရှေ့ရပ်ကွက်တွင် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံဆောင်ရွက်ရခြင်းသည် ယခုလိုမိုးရာသီကာလ ရာသီဥတုအပြောင်းအလဲကာလတွင် ကျွဲ၊နွားများ၌ ဖြစ်ပွားတတ်သည့် ပေါင်ပုပ်၊ လက်ပုပ်ရောဂါ၊ ကူးစက်ရောဂါများမှ ကာကွယ်ရန်အတွက် ကာကွယ်ဆေးထိုးနှံပေးရခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းအပြင် နွားမများအား မေထုန်မဲ့ နွား သားစပ်ဆေးထိုးပေးခြင်းကိုလည်းဆောင်ရွက်လျက်ရှိကြောင်း အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် နွားသားစပ်ဆေးထိုးပေးခြင်းလုပ်ငန်းကို ရပ်/ကွက်ကျေးရွာများသို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ လစဉ်ကွင်းဆင်း၍ ဆောင်ရွက်ပေးကြောင်း (မွေး/ကု)ဦးစီးမှူး ဒေါက်တာနွဲ့နွဲ့ရီထံမှ သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)