လက်ပံတန်းမြို့နယ် လူထုအခြေပြု ဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

 

 

လက်ပံတန်း  ဇွန် ၁၇

 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများ စာဖတ်သည့် အလေ့အထများ ရရှိစေရန်နှင့် လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုရှိစေရေး လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရန် ရည်ရွယ်ပြီး ဝန်ထမ်းများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့ နေ့လယ် (၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဝင့်နန္ဒာဌေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်းမှာ ဝန်ထမ်းများအနေဖြင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိလာပြီး ၊ ဌာန၏လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေကာ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေသည့် အကျိုးကျေးဇူးများ ရရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက စာရေးဆရာ နေဝန်းနီ(နတ်မောက်)   ရေးသားသည်. ပညာရေးအတွေးလက်ဆောင် စာအုပ်ပါ အကြောင်းအရာများကို အပြန်အလည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ဝင့်နန္ဒာဌေး