သတင်းများ

ဘောလခဲမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလအတွင်း  တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်
Sep 17,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်း တတိယအကြိမ် ထောက်ပံ့ငွေပေးအပ် ခြင်းကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။
ဝေါမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲလုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်လှစ်
Sep 17,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ၂၀၂၀ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်းကို ဝေါအ.ထ.ကကျောင်း ရွှေသဇင်ဆောင်တွင် အဖွဲ့(၄)ဖွဲ့ခွဲကာ ယ‌နေ့(၉)နာရီအချိန်က မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရန်အတွက် ရပ်/ကျေး ကော်မရှင်အတွင်းရေးမှူးများအား (၁၇-၉-၂၀၂၀) ရက်နေ့မှ (၁၈-၉-၂၀၂၀)ရက်နေ့အထိ ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
ရွှေကျင်မြို့တွင် သဘာဝရေပြင်အတွင်း ငါးသားပေါက်စုပေါင်း စိုက်ထည့်ခြင်းနှင့် အင်းသားကြီးများအား ငါးသားပေါက်ပေးအပ်ပွဲ ကျင်းပ
Sep 17,2020
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ပျဉ်မပင်ရပ်ကွက် မီးမျှောပွဲတော်ကျင်းပရေး ဗဟိုမဏ္ဍပ်တွင် ရွှေကျင်ချောင်း သဘာဝရေပြင်အတွင်းသို့ ငါးသားပေါက်စိုက်ထည့်ခြင်းနှင့် အင်းသားကြီးများအား ငါးသားပေါက် ပေးအပ်ပွဲကို ယ‌နေ့နံနက် ၈နာရီအချိန်က ကျင်းပသည်။
ရှမ်းရွာသစ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန်အတွက် Hand Speaker များလွှဲပြောင်းပေးအပ်
Sep 17,2020
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ရှမ်းရွာသစ်မြို့တွင်ကိုဗစ်- ၁၉ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ် များတွင် အထောက်အကူ ဖြစ်စေရန်အတွက် Hand Speaker များ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးများ အား လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ တွင် ပေးအပ်ခဲ့သည်။
ဖား​ဆောင်းမြို့နယ်တွင်း ပုံမှန်ဝင်​ငွေမရှိ​သော အ​ခြေခံလူတန်းစား အိမ်​ထောင်စုများအတွက် နိုင်ငံ​တော် အစိုးရမှ တတိယအကြိမ် ​ထောက်ပံ့​ငွေများ​ပေးအပ်
Sep 17,2020
ကယားပြည်နယ်၊ဖား​ဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ​ရောဂါဖြစ်ပွား​နေစဉ် ကာလအတွင်း၌ ပြည်သူများ စားဝတ်​နေ​ရေး ​ပြေလည်​​စေရန် ရည်ရွယ်၍ နိုင်ငံ​တော်အစိုးရမှ (တတိယအကြိမ်) ပုံမှန်ဝင်​ငွေမရှိသည့် အ​ခြေခံ လူတန်းစားများအတွက် အိမ်​ထောင်စုတစ်စုလျှင် ​ထောက်ပံ့​ငွေကျပ် နှစ်​သောင်း​ထောက်ပံ့ခြင်းကို ယ​နေ့နံနက်(၁၁)နာရီခွဲ အချိန်က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ် အုပ်ချုပ်​ရေးမှူးက သက်ဆိုင်ရာ ရပ်ကွက်၊​ကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူးများထံ လွှဲ​ပြောင်း​ပေးအပ်ခဲ့သည်။
နွားထိုးကြီးမြို့တွင် အရေးပေါ်ရိက္ခာစားဆီများကို သိုလှောင်ရုံတွင်စစ်ဆေး
Sep 17,2020
နိုင်ငံတော်အစိုးရဝယ်ယူသည့် နိုင်ငံတော် အရေးပေါ် ရိက္ခာ စားဆီ တန်ချိန် ၄၂တန် (ဆီပုံး-၂၅၈၇ ပုံး) ကို နွားထိုးကြီးမြို့ မြို့နယ် အားက စားခန်းမ၌ ယနေနံနက်ပိုင်းတွင် စစ်ဆေးနေပြီဖြစ်ကြောင်း စားသုံးသူရေး ရာဦးစီးဌာနမှ သိရသည်။