သတင်းများ

ရိခေါဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် နှာခေါင်းစည်းများ လှူဒါန်းပေး
Jun 18,2021
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေစစ်ဆေးခြင်း၊ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ယနေ့တွင်  စံပြကုမ္ပဏီမှ နှာခေါင်းစည်းများ လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ကျုံပျော်တွင် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Jun 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှု အစီအစဉ်အကောင် အထည်ဖော်ဆောင်ရွက်ရေး ရှင်းလင်းဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
ကျိုင်းတုံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်ပွဲ ကျင်းပ
Jun 18,2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးသည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒုတိယ သုံးလပတ်အတွက် ကျိုင်းတုံမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင်  အသိပညာပေး Talk Show ဆောင်ရွက်
Jun 18,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ  အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀နာရီက ကျင်းပခဲ့သည်။
မိုးညှင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်း ဆောင်ရွက်
Jun 18,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယမန်နေ့ နံနက် ၁၀ နာရီက နားခါရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မဘိမ်းမြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်
Jun 18,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ကော့ကရိတ်မြို့ ဇိနသုခလောကသရဖူစေတီတော်မြတ် သဟပုကာရီသာသနာ့ဗိမာန်တော်တွင် ပဋ္ဌာန်းသိမ်းအောင်ပွဲ ကျင်းပ
Jun 18,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၂၉)ကြိမ်မြောက် နေ့၊ ည အသံမစဲမဟာပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ခြင်း အထိမ်းအမှတ်  ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်း ဆန်စိမ်းလောင်းလှူပွဲကို ယနေ့ ညနေ ၁နာရီအချိန်က ကော့ကရိတ်မြို့ ကျက်သရေဆောင်ဖြစ်တော်မူသော ဇိနသုခ လောကသရဖူစေတီတော်မြတ် သဟပုကာရီသာသနာ့ဗိမာန်တော်၌ ကျင်းပခဲ့သည်။
မူဆယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ
Jun 18,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအတွက် (၁၂-၆-၂၀၂၁)ရက်နေ့မှ စတင်ကာ နေ့စဉ် နံနက်(၈)နာရီမှ နေ့လည်(၁)နာရီအထိ၊ လူစည်ကားရာ နေရာများနှင့် လမ်းဆုံလမ်းမများတွင် ပြည်သူများအား နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်စေရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်းကမ်းချက်များအား လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်း နှာခေါင်းစည်း Mask  များ အခမဲ့ဖြန့်ဝေခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။