သတင်းများ

တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် နွားပွဲစျေးအတွင်း ညွှန်ကြားချက်များ လိုက်နာမှုရှိ/ မရှိ ကွင်းဆင်း စစ်ဆေး
Sep 18,2020
တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် နွားပွဲစျေးအတွင်း ညွှန်ကြားချက်များ လိုက်နာမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်
Sep 18,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေး အန္တရာယ်ကြိုတင်ပြင်ဆင်ရေး အသိပေးနှိုးဆော်
Sep 18,2020
ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်းများကို မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမော်နှင့် တာဝန်ရှိသူများတို့က စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စိုင်ဒူးကျေးရွာ၊ ရွာသစ်ကျေးရွာနှင့် ရွာစည်ကျေးရွာများတို့တွင် ကွင်းဆင်း၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ဗန်းမော်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ
Sep 18,2020
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင် ကြမည့် ဗန်မော်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူ များအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်း ပို့ချခြင်းကို စက်တင်ဘာ ၁၆ ရက်နေ့မှ စတင်၍ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ စနစ်တကျ သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရသည်။
ရေးမြို့နယ် အစင်ကျေးရွာရှိ ဆိုင်ကယ်တက္ကစီသမားများအနေဖြင့် ရပ်ဝေးခရီးသည်များအား စစ်ဆေးပြီးမှ ကျေးရွာအတွင်းသို့ ပို့ဆောင်ကြရန် အသိပညာပေးဟောပြော
Sep 18,2020
မွန်ပြည်နယ်၊ ရေးမြို့နယ် အစင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ညနေ (၅)နာရီက ကျေးရွာအတွင်းရှိ ဆိုင်ကယ်တက္ကစီ မောင်းနှင်နေကြသည့် တက္ကစီသမားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရပ်ဝေးဒေသမှ ခရီးသည်များအား ခရီးသွား ရာဇဝင်စစ်ဆေးပြီးမှ မိမိကျေးရွာအတွင်းသို့ ပို့ဆောင်ပေးကြရန် အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၄၉၅၅၅) စုအား (တတိယအကြိမ်)ထောက်ပံ့ငွေများ ပေးအပ်
Sep 18,2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား (တတိယအကြိမ်)တစ်အိမ်ထောင်စုလျှင် ငွေကျပ် နှစ်သောင်း နှုန်းဖြင့် ယနေ့ နံနက် ၉ နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့သည်။
စေတုတ္တရာမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်
Sep 18,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို ယမန်နေ့ နေ့လယ်ပိုင်းက စတင်၍ မြို့ပေါ်ရပ်ကွက်များရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
သထုံမြို့နယ်တွင် မီးသတ်တပ်ဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် အသိပညာပေးခြင်းများ လိုက်လံနှိုးဆော်
Sep 18,2020
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မီးသတ်တပ်ဖွဲ့မှ ကိုဗစ်-၁၉ရောဂါတားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးတို့အတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့ မွန်လွဲပိုင်းက စတင်ကာ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများသို့ လိုက်လံ နှိုးဆော်ဆောင်ရွက်လျက်ရှိသည်။