ကဝမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကဝ ဇွန် ၁၈

ပဲခူးတိုင်းဒေသကြီး၊  ပဲခူးခရိုင်၊   ကဝမြို့နယ်တွင်   ကလေးသူငယ်အခွင့် အရေးများဆိုင်ရာကော်မတီ နှင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားပြီး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါ်ထားထားဦးက ကဝမြို့နယ်အတွင်းရှိ  ကလေးသူငယ်ဖြစ်ရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခြင်းနှင့် အမျိုးသမီးကော်မတီ ပေါ်ပေါက်လာပုံနှင့် ကော်မတီဝင်များ၏ ဝတ္တရားများ၊  ဝန်ဆောင်မှုများအကြောင်း   ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသည့် အဖွဲ့ဝင်များနှင့် ဆွေးနွေးကြပြီး ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီနှင့်  အမျိုးသမီး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာ စကား ပြောကြားကာ အစည်းအဝေးရုပ်သိမ်းခဲ့ကြောင်း သိရသည်။